ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့သားတွေက မဟာဘောဂ သူဌေး ရွှေအိုကြီးလို့ ဘွဲ့ပေးထားသူ အဖမ်းခံရ
|
နိုဝင်ဘာလ ၁၆ ရက် ၂၀၂၀
တစ်နေ့ကို ရွှေ ၁၅ ကီလို ဝတ်ပြီး သက်တော်စောင့်တွေနဲ့ သွားရွှေ အိမ်တော်နဲ့နေပြီး ရွှေကားစီးနေသူ အာဏာပိုင်တွေကို ဖိနပ်ကြားညှပ်ထားသူ ဖု အိပ်ချ်အို Phuc X0 အသက် ၃၈ နှစ်ကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့သားတွေက မဟာဘောဂ သူဌေး ရွှေအိုကြီးလို့ ဘွဲ့ပေးထားကြပါတယ်။
တစ်နိုင်ငံလုံးမှာ XO နာမည်နဲ့ နိုက်ကလပ်တွေ ပိုင်ဆိုင် ထားလို့အသက်ငယ်ငယ်နဲ့ သူးဌေးဘွဲကို ရသွားခဲ့တဲ့ ရွှေအိုကြီးနဲ့အပေါင်းပါ(၇) ဦးကို ဟိုချီမင်း ရဲတပ်ဖွဲ့ က မူးယစ်ဆေးရောင်းမှု လက်နက်မှု -တရားမဝင် ငွေမဲတွေ ပိုင်ဆိုင်မှုနဲ့ ထောင် ၁၂ နှစ် ချလိုက်တဲ့ သတင်းကြောင့် ကြားရသူတွေ ဟင်-ဟာနဲ့ တအံ့တသြ ဖြစ်နေကြပါတယ်။
ရွှေအိုးကြီး ပိုင်ဆိုင်မှုအားလုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ်သိမ်းလိုက်လို့ စိတ်ထိခိုက်နေတဲ့ ရွှေအိုးကြီးဟာ ထောင်ထဲမှာ
ချိနဲ့နဲ့ လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားလို့ သူ့ကိုရုံးထုတ်တဲ့အခါ တွဲခေါ်ထုတ်လာရတယ်လို့သိရှိရပါသည်။
နိုက်ကလပ်ကို ဟန်ပြပြီး လာပျော်ပါးတဲ့သူတွေကို စိတ်ကြွဆေးတွေ ရောင်းနေတာကို အထူးစုံစမ်းရေးရဲက ဖေါ်ထုတ်ခဲ့ပြီး ဖမ်းဆီးတရားစွဲ လိုက်တာပါ။
သူ့လိုမျိုး တရားမဝင် ဝင်ငွေ နဲ့ချမ်းသာနေ စည်းစိမ်ခံနေသူတွေလည်း ငါ့တို့အလှည့်ဘယ်တော့ရောက်လာမလည်း တွေးပူနေကြကြောင်း လည်း သိရပါသည်။
သတင်း – SAW