သင်္ဃန်းကျွန်းစံပြရပ်ကွက်နေ ဒေသခံတချို့ ဆန္ဒထုတ်ဖော်မှုမှာနားလည်မှုလွဲခြင်းသာဖြစ်ဟု အုပ်ချုပ်ရေးမှူးကပြော


မင်္ဂလာဒုံ ၊ နိုဝင်ဘာ ၁၅/၂၀၂၀
မင်းထွဏ်း

နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသည့် ဆင်းရဲနွမ်းပါးပြည်သူများအားထောက်ပံ့ပေးငွေမရရှိသောကြောင့် သင်္ဃန်းကျွန်းစံပြရပ်ကွက်နေဒေသခံတချို့ ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်လှည့်လည်ကြခြင်းမှာ နာလည်မှုလွဲ၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မြင့်ကပြောသည်။

” တချို့ကနားလည်မှုလေးတွေလွဲတယ်၊ လူတိုင့်စေ့ရရမယ်လို့ မည်သူကပြောသည်မသိပါဘူး။ ထို့အတွက်ကြောင့်မို့ လူတိုင်းလိုချင်တဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်၊ကျွန်တော်တို့ကိုလမ်းညွှန်ထားတာကတော့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက်သာဖြစ်ပါတယ်။ ဒါပေမယ် နိုင်ငံတော်ကထောက်ပံ့ငွေကို လူတိုင်းလိုချင်ကြတဲ့အတွက် အခုလို မလိုလားအပ်တဲ့ ပြသနာလေးတွေအထင်ခံရမှုတွေ ရုန်းရင်းဆန်ခတ်မှုလေးတွေဖြစ်တာပါ ” ဟု သင်္ဃန်းကျွန်းစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မြင့်က ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့ကြသော ပြည်သူတချို့သိ
ရှိနားလည်စေရန် မိမိအပိုင်ရှိ ရပ်ကွက်ကြီး ၅ရပ်ကွက်မှ ပြည်သူများအားသီးခြားစီတွေ့ဆုံ ကာ ရှင်းပြပြောဆိုသွားမည်ဖြစ်ကြောင်း ၊ ယခု ထောက်ပံ့ငွေပေးဝေရာတွင်လည်းနိုင်ငံတော်က ချပေးသည့်အတိုင်း ပြည်သူ့ထံ မှန်မှန်ကန်ကန် စနစ်တကျ လက်မှတ်ရေးထိုး/ လက်ဗွေနှိပ်၍ ပေးဝေထားကြောင်း ၄င်းကဖြည့်စွက်ပြောဆိုသည်။

” တကယ့်တကယ် ဆင်းရဲနွမ်းပါးတဲ့သူ
တွေအများကြီးရှိပါတယ် ၊ အခုသူတို့စာရင်းေကာက်လိုက်တယ် အိုးပိုင် အိမ်ပိုင် တိုက်ပိုင်တွေက ရပြီးတော့ တကယ်မရှိတဲ့သူတွေကမရလို့ဖြစ်နေတာပါ ၊ ကျွန်မတို့က တကယ်မရှိတဲ့သူတွေမို့ ဒီပိုက်ဆံ လေးသောင်းကို မျှော်တာပါ ” ဟု အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံစဉ် ကျောင်းကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထောက်ပံ့ကြေးငွေ မရခြင်းကြောင့်ဟုဆိုကာ သင်္ဃန်းကျွန်းစံပြကျေးရွာအုပ်စုနေ ဒေသခံပြည်သူတချို့မှ ယနေ့ မွန်းတည့် ၁၂နာရီအချိန်ခန့်က ၊ ” ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ဖြုတ်ချရေး ” ၊ ဆယ်အိမ်မှုး ရာအိမ်မှူးဖြုတ်ချရေး ၊ အဂတိလိုက်စားမှု ဖြုတ်ချရေး” ကြွေးကျော်သံများဖြင့် ရပ်ကွက်အတွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက
ကျောင်းကြီးရပ်ကွက် ၊့မြရတနာရပ်ကွက် ၊သစ်ဆိမ့်ကုန်းရပ်ကွက် ၊ ကာယရပ်ကွက် နှင့်သင်္ဃန်းကျွန်းစံပြကျေးရွာနေ ပြည်သူများအား သီခြားစီတွေ့ဆုံကာ နှစ်သိမ့်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

သတင်း – ဦးသာကြီး

Add a Comment

Your email address will not be published. Required fields are marked *