(၈)လ အရွယ် သမီလေးအား ငွေ(၁)သိန်းနှင့် လိုက်ရောင်းနေသဖြင့် အုပ်ချုပ်ရေးမှူးများက ထိန်းသိမ်း၍ ပရဟိတ မင်းသမီး ခိုင်နှင်းဝေထံ အပ်
|၁၅ , ၁၁ , ၂၀၂၀
အမေက နောက် ယောက်ျားယူသွားပြီး ဖခင်မှ အရက် မူးနေချိန် (၈)လ အရွယ် သမီးလေးအား ငွေ တစ်သိန်းဖြင့် လိုက်ရောင်းနေ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးများမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပြီး ကျမ ဆီသို့ ဆက်သွယ် အပ်နှံ သဖြင့် သွားရောက် ခေါ်ယူ ခဲ့ပါတယ်ရှင်။
.သမီးလေး အရိပ် တစ်ခု ရဘို့ အတွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့ အတွက် ပီတိဖြစ်ရသလို စိတ်လဲမကောင်းဖြစ်ရပါတယ်….ဒီလို နဲ့ပဲ ကျမတို့ “ခိုင် ” ဂေဟာ မှာ မိသားစု ဝင် တစ်ဦး တိုးပြန်ပါပီရှင်…ဟု သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေမှာ သူ၏ ဖေ့ဘွတ်တွင် တင်ပြထားပါတယ်။
ဓာတ်ပုံ – ခိုင်နှင်းဝေ