နိုင်ငံ့ဝန်ထမ်းများ တာဝန်ဖြင့် ပြည်တွင်းခရီးသွားလာရာတွင် အစိုးရက တည်းခိုစရိတ်ထောက်ပံ့မည်
|နိုင်ငံ့ဝန်ထမ်းများ တာ ဝန်အရ ပြည်တွင်းခရီးသွားခြင်း အတွက် တည်းခိုစရိတ်ထောက်ပံ့ ရန် အစိုးရက နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ကြေညာချက်ထုတ် ပြန်သည်။
ခွင့်ပြုမည့် တည်းခိုစရိတ်ကို ရာထူးအဆင့်လိုက် သတ်မှတ် ထားပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူနှင့်အထက် အဆင့်အ ရာရှိကြီးများဖြစ်သော နိုင်ငံ့ဝန် ထမ်းများသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ ခရီးသွား လာခြင်းအတွက် တည်းခိုစရိတ် တစ်ဦးလျှင် တစ်ရက် ၅၀,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွား ရောက်ပါက တစ်ဦးလျှင် တစ် ရက် ၃၀,၀၀၀ ကျပ်ခံစားခွင့်ရ မည်ဖြစ်သည်။
ညွှန်ကြားရေးမှူးနှင့်အဆင့် တူမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်တူအထိ နိုင်ငံ့ဝန်ထမ်း များသည် နေပြည်တော်၊ရန်ကုန် နှင့် မန္တလေးသို့ ခရီးသွားလာ ခြင်းအတွက် တည်းခိုစရိတ်တစ်ဦး လျှင် တစ်ရက် ၃၀,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွားရောက်ပါ က တစ်ဦးလျှင်တစ်ရက်၂၀,၀၀၀ ကျပ်ရရှိမည်ဖြစ်သည်။
ဦးစီးအရာရှိနှင့် အဆင့်တူမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အ ဆင့်တူအထိ နေပြည်တော်၊ရန် ကုန်နှင့် မန္တလေးသို့ ခရီးသွား လာရာတွင် တည်းခိုစရိတ်တစ်ဦး လျှင် တစ်ရက် ၂၅,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွားရောက်ပါ က တစ်ဦးလျှင်တစ်ရက် ၂၀,၀၀၀ ကျပ်ခံစားခွင့်ရမည်ဟု ကြေညာ ချက်၌ ဖော်ပြသည်။
အလားတူ နိုင်ငံ့ဝန်ထမ်း(အ မှုထမ်း)များလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ ခရီးသွား လာခြင်းအတွက် တည်းခိုစရိတ် တစ်ဦးလျှင် တစ်ရက် ၂၀,၀၀၀ ကျပ်နှင့် အခြားမြို့များသို့ သွား ရောက်ပါက ကျပ် ၁၅,၀၀၀ ခံစား ခွင့်ရမည်ဖြစ်သည်။
‘‘အရင်က တည်းခိုစရိတ်ဆို တာ လုံးဝရှိခဲ့တာ မဟုတ်ဘူး။နိုင် ငံ့ဝန်ထမ်းတွေအတွက် ဝမ်းသာ စရာပါ’’ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။
မြန်မာနိုင်ငံ ခရီးစရိတ် နည်းဥပဒေ ၆ နည်းဥပဒေခွဲ(၁) အရ နိုင်ငံ့ဝန်ထမ်းများ တာဝန် အရ ခရီးသွားရာတွင် ဌာနအဖွဲ့ အစည်းများက အခမဲ့တည်းခိုနေ ထိုင်စေရန် စီစဉ်ပေးနိုင်ခြင်းမရှိ ပါက ပြင်ပ၌ မိမိအစီအစဉ်ဖြင့် တည်းခိုနေထိုင်ရသည့် တည်းခို စရိတ်ကို ခေတ်ကာလအရ ပြင် ဆင်ရန် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စီမံ ကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစုလှိုင်က ရှင်းပြသည်။
‘‘ခံစားခွင့်တွေနဲ့အတူ လိုက် နာရမယ့် စည်းမျဉ်းတွေလည်း ကြေညာစာမှာ တစ်ပါတည်းပါရှိ ထားပါတယ်’’ဟု ၎င်းက ပြော သည်။
နိုင်ငံ့ဝန်ထမ်းများတာဝန်အ ရ ခရီးသွားရာတွင် နိုင်ငံတော်ပိုင် အစိုးရဧည့်ရိပ်သာ၌ တည်းခို မရသည့်အခါနှင့် အစိုးရဧည့်ရိပ် သာမရှိသည့် ဒေသများတွင် ပုဂ္ဂလိကပိုင် တည်ခိုခန်းနှင့် ဟို တယ်များတွင်သာ တည်းခိုရန် အမိန့်စာတွင် သတ်မှတ်သည်။
တာဝန်အရ ခရီးသွားလာ သည့် ဝန်ထမ်းကိုယ်တိုင်အတွက် သာ ခွင့်ပြုရန်နှင့် တည်းခိုစရိတ် ငွေတောင်းခံလွှာအား ခရီးစဉ်ပြီး ဆုံးသည်နှင့် တစ်ပြိုင်တည်းတင်ပြတောင်းခံမည်ဖြစ်သည်။
ပြည်ပအကူအညီ၊ ပြည်ပ ချေးငွေတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စီမံကိန်းများအ တွက် လုပ်ငန်းတည်ရှိရာနေရာ သို့ သွားရောက်ခြင်းကြောင့် ပြည်ပအကူအညီ၊ ချေးငွေတို့မှ ကျခံသုံးစွဲရပါက တည်းခိုစရိတ် ထုတ်ယူခွင့်ရမည် မဟုတ်ပေ။
သတင်း – 7days news