လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသည့် ပထွေးဖြစ်သူမှ စိတ်ကျမ်းမာရေးချို့တဲ့သူမယားပါသမီးအား သားမယားအဖြစ်ထပ်မံပြုကျင့်မှု့ဖြစ်ပွား

နိုဝင်ဘာ(၁၃)
#ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မကျီးစုအုပ်စု၊ ပျဥ်သာကျေးရွာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ပထွေးမှ ဒုတိယအိမ်ထောင်နှင့်ပါရှိလာသည့် စိတ်ကျမ်းမာရေးချို့တဲ့သော မယားပါသမီးအား သားမယားအဖြစ်ထပ်မံပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
နိုဝင်ဘာ(၁၁)ရက်၊ နေ့လည်(၁၁)နာရီအချိန်ခန့် မိတ္တီလာမြို့၊ မကျီးစုအုပ်စု၊ ပျဥ်သာကျေးရွာနေ၊ ဒေါ်————မှအပြင်သွားရောက်ပြီး နေအိမ်ပြန်လာစဥ် နေအိမ်တွင်ကျန်ရှိနေသည့် အသက်(၂၅)နှစ်အရွယ်ရှိိ စိတ်ကျမ်းမာရေးချို့တဲ့သူသမီး မ—– အား၊ ဒုတိယအိမ်ထောင်ဖြစ်သူ ပေါက်ကျင်းမှ သားမယားအဖြစ်ပြုကျင့်သွားကြောင်း သိရှိရပြီး ယခင်လွန်ခဲ့သော၂၀၁၆ ခုနှစ်အတွင်းကလည်း သမီးဖြစ်သူအားအလားတူသားမယားအဖြစ် ပြုကျင့်ခဲ့၍ တိုင်တန်းခဲ့ရာ ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကာ ယခုတဖန်သမီးဖြစ်သူစိတ်ကျမ်းမာရေးချို့တဲ့သူအား ဒုတိယအကြိမ်ထပ်မံ၍ သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်အရစိတ်ကျမ်းမာရေးချို့တဲ့သူသမီး ဖြစ်သူအား သားမယားအဖြစ်ထပ်မံပြုကျင့်သူပေါက်ကျင်း(၄၅)နှစ်ခန့်အား ပျဥ်သာကျေးရွာ၊ မိတ္တီလာမြို့နယ်နေသူအားအရေးယူပေးရန် နိုဝင်ဘာ(၁၂)ရက်နေ့တွင် မိခင်ဖြစ်သူ၏တိုင်တန်းချက်အရ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၂၅၇/၂၀၂၀ ရာဇသတ်​ကြီးပုဒ်မ၃၇၆ ဖြင့်အမှုဖွင့်အရေးယူပြီး ပေါက်ကျင်းမှာအခင်းဖြစ်ပွားပြီး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးအတွက်စုံစမ်းသတင်းရယူ
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Add a Comment

Your email address will not be published. Required fields are marked *