အောင်လ ရှုံးလို့ငိုနေတဲ့ကလေးအတွက် ဂုဏ်ပြုလက်ဆောင်စကားပါးလိုက်တဲ့ အောင်လအန်ဆိုင်း

အောင်လ ရှုံးလို့ငိုနေတဲ့ကလေးအတွက် ဂုဏ်ပြုလက်ဆောင်စကားပါးလိုက်တဲ့ အောင်လအန်ဆိုင်း

မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ မြန်မာပရိတ်သတ်တွေအတွက် အသည်းကွဲသွားတဲ့ညတညလို့ဆိုရပါမယ်။မြန်မာဂုဏ်ဆောင်အောင်လအန်ဆိုင်းက ပွဲစချိန်စက္ကန့်ပိုင်းအတွင်းမှာ စိန်ခေါ်သူ ဒီရိုတ်ဒါရဲ့ချုပ်ကွက်မီပြီး အရှုံးပေးခဲ့ရပါတယ်။မြန်မာပရိတ်သတ်တွေအားမလိုအားမရဖြစ်ခဲ့ရပါတယ်။

အောင်လအန်ဆိုင်းကလည်း အနိုင်ရသွားတဲ့ ဒီရိုတ်ဒါကို မကျေပွဲစိန်ခေါ်ထားပါသေးတယ်။ဒီနေ့မှာကတော့ အောင်လက သူရှုံးလို့ငိုနေတဲ့ ခလေးလေးကိုနှစ်သိမ့်စကားဆိုခဲ့ပါတယ်။အောင်လအန်ဆိုင်းက ကျွန်တော်နေကောင်းကျန်းမာပါတယ်၊ ကျွန်တော်မိသားစုလည်းနေကောင်းကျန်းမာကြပါတယ်။ ထို့အတူ ကျွန်တော်အသင်းကလည်း ကျွန်တော်ကိုနောက်ကွယ်ကနေ အကောင်းဆုံးထောက်ပံပေးပါတယ်။ ဘုရားသခင်ကကောင်းမြတ်ပါတယ်။ ကျွန်တော်အသန်မာဆုံး အကောင်းဆုံးပုံစံနဲ့ လေ့ကျင်ပြင်ဆင် ပြန်လည်ရင်ဆိုင်ထိုးသတ်ပြီးတော့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်အရယူမယ်လို့ ကတိပေးပါတယ်။ ဒီတော့ ငိုကြွေးမနေပါနဲ့တော့လို့ အောင်လ သူ့ရဲ့ဖေ့ဘုတ်စ်မှာအခုလိုမျှဝေထားခြင်းဖြစ်ပါတယ်။

မြန်မာပရိတ်သတ်တွေကလည်း အောင်လ ချန်ပီယံခါးပတ်ကိုပြန်လည်ရယူနိုင်မယ်လို့ယုံကြည်နေပါတယ်။မြန်မာဂုဏ်ဆောင် အောင်လအန်ဆိုင်းကို ပရိတ်သတ်တွေကလည်း အားပေးစကားပြောပေးသွားပါဦး။

crd

Add a Comment

Your email address will not be published. Required fields are marked *