သောကြာနေ့ညပိုင်း ၈ နာရီလောက်တွင် ထိုင်းနိုင်ငံ ဆန္ဒပြသူများကို ရေပိုက်များဖြင့် လူစုခွဲခဲ့ စနေနေ့ထပ်မံပြမည်

photo nation thailand

ထိုင်းနိုင်ငံ ရဲများက သောကြာနေ့ညနေတွင် Pathumwan လမ်းဆုံရှိ ဆန္ဒပြပွဲနေရာ Khana Ratsadon 2563 (People’s Party 2020) ဟုခေါ်သောဆန္ဒပြသူများကိုရှင်းလင်းရန် ရေအမြောက်များအသုံးပြုပြီးလူစုခွဲခဲ့ပါသည်။

photo nation thailand

ထိုရေများနှင့်ထိတွေ့ပါက မျက်စိနှင့်အရေပြားကိုယားယံစေသည့်အရာ ဝတ္ထုများရေနှင့်ရောထားသောကြောင့် လူစုလူဝေးများ ကွဲခဲ့ကြပါတယ်။ သို့သော်ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်းများမပြုလုပ်ခဲ့ပါ။

photo nation thailand

ရေပိုက်များကိုအသုံးပြုပြီးနောက် ရဲများသည် Pathumwan လမ်းတစ်လျှောက်ချီတက်လာပြီး ဆန္ဒပြသူများကို ပိတ်ဆို့ဖယ်ရှားခဲ့ကြပါတယ်။ ဆန္ဒပြသူများလည်း Chulalongkorn တက္ကသိုလ်ရှေ့တွင် သူတို့၏ဆန္ဒပြပွဲကို တဖြည်းဖြည်းဆုတ်ခွာသွားခဲ့ရပါတယ်။ အဖမ်းခံရသူများလည်း တွေ့ရှိရပြီး ရဲအင်အားအများအပြားဖြင့် လူစုကွဲအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

photo nation thailand

ည ၈ နာရီခန့်တွင်ဆန္ဒပြသူများကို ဆန္ဒပြမှုမပြုလုပ်ရန် ပြောကြားခဲ့ကာ စတင် လူစုကွဲပါတယ်။ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး စနေနေ့တွင်လည်း သူတို့ကထပ်မံစုရုံးကြမည်ဟုကြေငြာခဲ့သည်။ အချိန်နှင့်နေရာကိုနောက်ပိုင်းတွင်ကြေငြာမယ်လို့ ဆန္ဒပြသူများမှပြောကြားခဲ့ပါတယ်။

photo : the nation thailand

သတင်း – ဦးသာကြီး

Add a Comment

Your email address will not be published. Required fields are marked *