fbpx

လုံခြုံရေးနေ့စားဝန်ထမ်းကို ပါးစပ်ထဲအဝတ်ဆို့ပြီး လက်နှစ်ဘက်ကြိုးချည် အသတ်ခံထားလျက်တွေ့ရှိရ

အမူဖြစ်စဉ်မှာ(၁၂.၁၀.၂၀၂၀)ရက်၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)ရဲစခန်းတွင်ဒုရဲမှူးသိန်းစိုးစခန်းမှူးတာဝန်ထမ်းဆောင်နေချိန် ဒေါ်တင်လှိုင်(၆၇)နှစ် သန့်ရှင်းရေးဝန်ထမ်း၊ တနင်္သာရီရေလုပ်ငန်းကုမ္ပဏီ၊ မော်တင်လမ်း၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁/၁၁၁)၊ ကျန်စစ်သားလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ဝေဘာဂီမြို့၊ မြောက်ဥက္ကလာပမြို့နယ်နေသူသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တွင်ရှိသောမြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန၊ VIP နားနေဆောင်တွင်လုံခြုံရေး(နေ့စား)တာဝန်ထမ်းဆောင်နေသော မောင်ဖြစ်သူဦးစိုးညိမ်း(၆၄)နှစ်အား လွန်ခဲ့သော(၁၄)ရက်ခန့်ကဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး နောက်ရက်များတွင် ဆက်သွယ်မှုမရှိခဲ့ဘဲ ၁၁.၁၀.၂၀၂၀ ရက်ညနေ၅နာရီအချိန်ခန့်က ၎င်းကိုင်ဆောင်သောဖုန်းအမှတ်(…..)အားဆက်သွယ်ခဲ့ရာဖုန်းခေါ်ဆိုမှုဝင်ရောက်သော်လည်း ပြန်လည်ပြော ကြားခြင်းမရှိသည့်အတွက်အကြိမ်ကြိမ်ထပ်မံဆက်သွယ်ခဲ့သော်လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း၊ ဦးစိုးညိမ်းမှာလည်းလေဖျန်းရောဂါရှိနေသည့်အတွက် ကျန်းမာရေးမကောင်း၍ပြန်လည်ဖြေကြားခြင်းမရှိသည်ဟု ယူဆကာစိတ်ပူ၍ ၁၂.၁၀. ၂၀၂၀ ရက်နံနက်၈နာရီခွဲအချိန်ခန့်တွင် အဆိုပါအဆောက်အဦးသို့အစ်မဖြစ်သူဒေါ်တင်အောင်(၇၀)နှစ်နှင့်အတူ ရောက်ရှိခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိရာ အိမ်မှူးဦးစိုးနိုင်အားအကူအညီတောင်း၍ဝင်ရောက်ကြည့်ရှုခဲ့ရာ အဆိုပါအဆောက်အဦးအတွင်းရှိ VIPနားနေခန်းအတွင်းတွင် လက်နှစ်ဖက်အားအဖြူရောင်စွပ်ကြယ်ဖြင့်ချည်နှောင်ထားပြီး ပါးစပ်ထဲတွင် အဖြူရောင်မျက်နှာသုတ်ပဝါ ထည့်လျှက် မျက်နှာအားအနက်ရောင်ကွက်စိပ်များတွင်ရွှေရောင်လိုင်းများပါပုဆိုးဖြင့် ချည်နှောင်ထားပြီး အဖြူရောင်စွပ်ကြယ်ကိုဖုံးအုပ်ထားကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မောင်ဖြစ်သူဦးစိုးညိမ်းအားသေဆုံးသည်အထိပြုလုပ်သူအားစုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာလှိုင်သာယာ(အနောက်)မြို့မရဲစခန်း(ပ)၆၆၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုဖွင့်သည်ဟုဆို၏။
စခန်းမှူး ဒုရဲမှူးသိန်းစိုးကအမှုစစ်အဖြစ် ဆောင်ရွက်ကာ တရားလိုအားစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ပတ်ဝန်းကျင်သက်သေများစုံစမ်းစစ်ဆေးခြင်း၊ အမှတ်(၂)မှုခင်းအကူ ဌာနစုမှဒုရဲမှူးဆန်းဝင်းနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှုခင်းအကူမှ ရာဇာမြညိမ်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(မူနှိမ်)ဌာနစုမှ ရဲအုပ်ဗိုလ်ဌေးနှင့်အဖွဲ့၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးအောင်သန်းဝင်းအဖွဲ့များနှင့် အတူပူးပေါင်း၍ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ကာ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ ပတ်ဝန်းကျင်ရှိCCTVမှတ်တမ်းများစစ်ဆေးခြင်း၊ ရဲဆေးစာပေးပို့ခြင်း။ မသင်္ကာကျူးလွန်သူစုံစမ်း ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

စိုးမြင့်အောင်(ထန်းတပင်)

Add a Comment

Your email address will not be published. Required fields are marked *