သုံးဘီးဆိုင်ကယ်(၁)စီးအရှိန်မထိန်းနိုင်ဘဲ ကင်းတားမြောင်းအတွင်း ထိုးကျရာအမျိုးသမီး(၂)ဦးရေနှစ်သေဆုံး

အောက်တိုဘာ(၁၄) ဝမ်းတွင်း

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ရွာကျေးရွာတွင် သုံးဘီးဆိုင်ကယ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ ကင်းတားလက်ဝဲမြောင်းမကြီးအတွင်းရေထဲထိုးကျဟုသိရပါသည်။ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ဦးသန်းဆောင် (၄၈) နှစ်၊ (ဘ)ဦးတင်အောင်ဂုဏ်ရွာကျေးရွာ၊ ဝမ်းတွင်းမြို့
နယ်နေသူမောင်းနှင်ပြီးသုံးဘီးယာဉ်၏ ကိုယ်ထည်ပေါ်တွင် ဒေါ်သိန်းကြည်(၇၅) နှစ်၊ (ဘ)ဦးခင်အောင်ဂုဏ်ရွာကျေးရွာ၊ ဝမ်းတွင်းနေသူနှင့်ဒေါ်ချို(၅၂)နှစ် (ဘ)ဦးပန်းစိုး ဂုဏ်ရွာကျေးရွာ၊ ဝမ်းတွင်းမြို့နယ်နေသူတို့ စီးနှင်လိုက်ပါလာသည့် သုံးဘီးအပြာရောင် နံပတ်မပါဟုသိရပါသည်။ ၎င်းအပြာရောင်သုံးဘီးယာဉ်မှာ ကူမဲဈေးမှဈေးရောင်းပြီး ဂုဏ်ရွာကျေးရွာသို့ ကင်းတားလက်ဝဲမြောင်းမကြီး အနောက်ဘက်ဘောင်အတိုင်းမြောက်မှ တောင်သို့မောင်းနှင်ပြန်လာစဉ် အရှိန်မထိန်းနိုင်ဘဲဘောင်လမ်း၏ အရှေ့ဘက်ဘေးရှိကင်းတားလက်ဝဲ မြောင်းအတွင်းရေထဲထိုးကျသွားခဲ့ပြီး ဒေါ်သိန်းကြည်မှာ ရေထဲတွင်သေဆုံးလျှက်တွေ့ရှိရပြီး ဒေါ်ချိုမှာ မတွေ့ရှိသေးသဖြင့် ရွာသားများအကူညီဖြင့်ရှာဖွေလျှက်ရှိကြောင်းသိရှိရပါသည်။ ယာဉ်အားမဆင်မခြင်ပေါ့ဆစွာမောင်းနှင်ခဲ့သူ ဦးသန်းဆောင်အားဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဝမ်းတွင်း မြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ-၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ယာဥ်မောင်းသူအား ဖမ်းဆီးရရှိရေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

မင်းမင်း(ထီလာ)

Add a Comment

Your email address will not be published. Required fields are marked *