ခိုးမှုဖြင့်မသင်္ကာဖမ်းဆီးထားသူများအား စစ်ဆေးရာမှခိုးရာပါဆိုင်ကယ်များဖော်ထုတ်သိမ်းဆည်းရမိ

အောက်တိုဘာ(၁၃)

#ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့မရဲစခန်း(ပ)၂၇၆/၂၀၂၀ ပုဒ်မ ၃၇၉(ဆ)အမှုဖြင့်မသင်္ကာဖမ်းဆီးထားသူများအားစစ်ဆေးရာမှပူးပေါင်းခိုးယူသူများနှင့်ခိုးရာပါဆိုင်ကယ်များထပ်မံဖော် ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းနယ်မြေခံရဲစခနမှသိရသည်။

အောက်တိုဘာ(၁၀)ရက်၊ ညအချိန်မြို့မရဲစခန်းနယ်ထိန်းတပ်ဖွဲ့ဝင်များမှသက်သေများနှင့်အတူရဲစခန်း(ပ)၂၇၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်၃၇၉ အမှုနှင့်မသင်္ကာဖမ်းဆီးထားသူမိတ္တီလာမြို့နယ်မောက်လောက်ကျေးရွာနေဘိုသု(ခ)သူရမောင်(၄၂) နှစ်အားအခြားခိုးမှုများနှင့်ဆက်စပ်စစ်ဆေးချက်အရ ၄င်းသည်လွန်ခဲ့သော(၃)ရက်ခန့်က ဝမ်းတွင်းမြို့နယ်တမာကုန်းကျေးရွာနေမျိုးညိမ်းနှင့်အတူပျဉ်သာကျေးရွာမြို့ရှောင်လမ်းဘေးရှိတဲအတွင်း ရပ်ထားသောနံပါတ်မပါ Kenbo 110 အနက်ရောင်တစ်စီးအားခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့၍သိမ်းဆည်းရမိပြီး မျိုးညိမ်းမှာတိမ်းရှောင်နေသဖြင့် ဘိုသူ(ခ)သူရမောင် နှင့်မျိုးညိမ်း(စုံစမ်းဆဲ)တို့အား မြို့မရဲစခန်း(ပ)၄၆၃/၀၂၀ရာဇသတ်ကြီးပုဒ်မ၃၈၀
(ဆ)/ကျင့်၅၄ဖြင့်လည်းကောင်း။

လွန်ခဲ့သည့်(၁)လခန့်ရက်မမှတ်မိနေ့ည(၉)နာရီခန့်က မိတ္တီလာမြို့ရတနာမာန်အောင်ရပ်ကွက် ပွင့်သစ်စလမ်းဆုံအနီး နေအိမ်တစ်အိမ်အတွင်းမှHonda Wave 100 နံပါတ်မပါဆိုင်ကယ်အား ချမ်းအေးသာယာရပ်ကွက်နေ စည်သူစိုး(ခ)ဂျမာလွတ် နှင့်အတူခိုးယူခဲ့ပြီး မောက်လောက်ရွာနေ ဦးအောင်စိုးထံရောင်းချထားကြောင်း သိရှိရ၍စည်သူစိုး(ခ)ဂျမာလွတ်တင်အားထပ်မံစုံစမ်းဖမ်းဆီးကာဆိုင်ကယ်အားသိမ်းဆည်းရမိပြီး ဘိုသူ(ခ)သူရမောင်နှင့်စည်သူစိုး(ခ)ဂျမာလွတ်တင်တို့အားရဲစခန်း(ပ) ၄၆၅/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆ)/ကျင့်၅၄ဖြင့်လည်းကောင်း လွန်ခဲ့သည့်(၂)လခန့် ရက်မမှတ်မိည(၉)နာရီခန့်မိတ္တီလာမြို့အောက်ဇေယျာရပ်ကွက်ရှိနေအိမ်တစ်အိမ်အတွင်းမှဘိုသူ (ခ)သူရမောင်တစ်ဦးတည်းနံပါတ်မပါ Honda Wave 100 စိမ်းနက်ဆိုင်ကယ်အားဝင်ရောက်ခိုးယူပြီးမောက်လောက်ရွာနေ ကိုဝင်းမင်းသန့်ထံရောင်းချထားကြောင်းသိရှိရ၍သွားရောက်သိမ်းဆည်းပြီးဘိုသူ(ခ)သူရမောင်အားရဲစခန်း(ပ)၄၆၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆ)/ကျင့်၅၄ ဖြင့်လည်းကောင်း လွန်ခဲ့သော(၂)လခန့်နေ့ရက်မမှတ်မိည(၁၁)နာရီခန့်မိတ္တီလာမြို့ပေါက်ချောင်းရပ်ကွက်ပြည်သူဆေးရုံကြီးရှေ့လမ်းဘေးဆိုင်အတွင်းရပ်ထားသည့်Honda Wave 100 စိမ်းနက်ဆိုင်ကယ်အားခိုးယူခဲ့ပြီးမောက်လောက်ရွာနေကိုမိုးအောင်ထံရောင်းချ ထားကြောင်းသိရှိရသဖြင့်သွားရောက်သိမ်းဆည်းခဲ့ပြီးဘိုသူ(ခ)သူရမောင်အားစခန်း(ပ)၄၆၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆ)/ကျင့်၅၄ ဖြင့်လည်းကောင်း (ပ)၂၇၆/၂၀၂၀ ပုဒ်မ ၃၇၉အမှုဖြင့်မသင်္ကာဖမ်းဆီးထားသူမိတ္တီလာမြို့နယ်မောက်လောက်ကျေးရွာနေဇင်မင်းဦးအားအခြားခိုးမှုများဖြင့်ဆက်စပ်စစ်ဆေးရာမှ၄င်းသည်လွန်ခဲ့သော (၂)နှစ်ခန့်လရက်မမှတ်မိည(၁၁)နာရီခန့်မြို့မ(၄)ရပ်ကွက်ဆိုင်ကယ်ပွဲစားဝိုင်းအနီးလမ်းဘေးဆိုင်ထဲတွင်ရပ်ထားသောနံပါတ်မပါ Honda Wave 100 စိမ်းနက်ဆိုင်ကယ်အားခိုးယူခဲ့ပြီး
ရှောက်ပင်ရွာနေကိုတင်အောင်ဝေထံရောင်းချထားကြောင်းသိရှိရ၍သွားရောက်သိမ်းဆည်းခဲ့ပြီးဇင်မင်းဦးမောက်လောက်ရွာနေသူအားစခန်း(ပ)၄၆၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆ)/
ကျင့်၅၄ဖြင့်အမှုဖွင့်အရေးယူပြီးထပ်မံအရေးယူဆောင်ရွက် ခဲ့သောအမှုများအားမြို့မရဲစခန်းနယ်ထိန်းရဲအုပ်ဇော်လတ်မျိုးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သောအမှုများဖြစ်ကြောင်းသိရသည်။

Add a Comment

Your email address will not be published. Required fields are marked *