အလုပ်သမား ၁၀၀၀ ကျော်ရှိသည့်အထည်ချုပ်စက်ရုံတွင် စာရေးမများမှအလုပ်သမားများအားသွေးဖောက်၍ ကိုဗစ်စစ်နေသဖြင့် လူစုလူဝေးများဖြစ်ပွားနေ

ရန်ကုန်၊ အောက်တိုဘာ၊ ၁၃ရက်။
လှိုင်သာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန် ၊မေခလမ်းရှိ စိုက်ဖုံအင်တာနေရှင်နယ်(လ်)ဂါးမင့်(န်)(မြန်မာ)အထည်ချုပ်စက်ရုံသည်အလုပ်သမား၁၂၀၀ ဝန်းကျင်ရှိပြီး ယနေ့စက်ရုံဖွင့်ချိန်တွင် စက်ရုံရှိစာရေးမများမှ အလုပ်သမားများသွေးဖောက်ကာတစ်ခါသုံးကိုဗစ်စစ်စက်များဖြင့်စစ်နေသဖြင့်လူစုလူဝေးဖြစ်နေကာအလုပ်သမားများစိုးရိမ်နေကြောင်းသိရပါတယ်။


“ကျန်းမာရေးဝန်ထမ်းတွေလဲမဟုတ်ဘူး။စာရေးမ တွေကဘဲလက်ထိပ်သွေးဖောက်ပြီး အဲ့ဒီအပြားလေးပေါ်တင်လိုက်တာ။အာခေါင်တို့ဖတ်ယူတာမဟုတ်ဘူး။သွေးကိုအဲ့ဒီအပြားလေဗပါတင်လို့နှစ်ကြောင်းတင်ရင်ကိုဗစ်ရှိတယ်ဆိုပြီးစက်ရုံထဲအဝင်မခံဘူး။အခုချိန်ထိ၁၄ရောက်ကိုဗစ်ရှိတယ်လို့ပေါ်တယ်။အလုပ်သမားအင်အားကျွန်တော်သိသလောက်၁၂၀၀ ဝန်းကျင်လောက်ရှိတော့ လူလည်းများတော့ လူစုလူဝေးဖြစ်နေ အလုပ်သမားတွေလည်းစိုးရိမ်စိတ်တွေများနေပါတယ်”ဟု စိုက်ဖုံအင်တာနေရှင်နယ်(လ်)ဂါးမင့်(န်)(မြန်မာ)အထည်ချုပ်စက်ရုံ
အလုပ်သမားခေါင်းဆောင် ဦးအောင်ကျော်နိုင်ကပြောပါတယ်။


အဆိုပါကဲ့သို့လူစုလူဝေး ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများသို့အလုပ်သမားများအနေဖြင့် ဆက်သွယ်တိုင်ကြားထားသော်လည်း ယခုအချိန်ထိလာရောက်ခြင်းမရှိကြောင်း၎င်းကပြောပါတယ်။
“BOCအဝိုင်းနားကစက်ရုံပါ။စက်ရုံမှာ အဲ့ဒီလိုကိုဗစ်စစ်နေတယ်ဆိုတော့ လူစုလူဝေးလည်းဖြစ် အလုပ်သမားတွေလည်း စိုးရိမ်နေတော့ အုပ်ချုပ်ရေးမှူးကိုလည်းအကြောင်းကြားထားတယ်။အုပ်ချုပ်ရေးမှူးကလည်းမနေ့ကလူသတ်မှုတစ်ခုရှိတော့ သူအဲ့ဒိရောက်နေလို့တဲ့ ပြီးရင် ဒီကိုဗစ်အမှုတွေကလည်း သူကိုင်တွယ်ရတာခက်ခဲတယ်ပေါ့ စပ်ရံထြဲလဲဝင်လို့မရလို့တဲ့။အခုစက်ရုံထဲကဓာတ်ပုံတွေရတော့ အုပ်ချုပ်ရေးမှူးကိုလည်းပို့ထားပါတယ်”ဟုCTUMလူမှုဖူလုံရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်ဒေါ်သင်ဉ္ဇာထက်ကပြောပါတယ်။


စက်ရုံတွင်အဆိုပါကဲ့သို့တခါသုံးစက်များဖြင့်စစ်ပြီးနောက် ကိုဗစ်တွေ့ရှိသည်ဟုဆိုသည့်အလုပ်သမားများအားလည်း မြို့နယ်ကျန်းမာရေးဌာနနှင့်ပူးပေါင်းခြင်းမရှိဘဲ စက်ရုံအတွင်းအဝင်မခံဟုဆိုကာ အိမ်များသို့ပင်ပြန်လွှတ်နေကြောင်းသိရပါတယ်။


Photo credit – AKN

Add a Comment

Your email address will not be published. Required fields are marked *