fbpx

ဂျင်လောင်းကစားမှုပြုလုပ်နေသူ(၁၄)ဦးကိုသက်သေခံပစ္စည်းများနှင့်ဖမ်းမိ

အမှုဖြစ်စဉ်မှာ (၉-၁၀-၂၀၂၀) ရက်၊ မွန်းလွဲ(၂)နာရီအချိန်တွင် မန္တလေးတိုင်း၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှတပ်ဖွဲ့ဝင်များ၊ အုန်းချောနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွှေစာရံကျောက်အိုးကွင်းရှိဇီးခြံတွင် ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရသွားရောက်စုံစမ်းဖမ်းဆီးရာ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသော ပုသိမ်ကြီးမြို့နယ်မှ ကျား(၃)ဦး၊ မ(၁)ဦး၊ အောင်မြေသာစံမြို့နယ်မှ ကျား(၁)ဦး၊ မ(၅)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ကျား(၂)ဦးနှင့်၊ ပြည်ကြီးတံခွန်မြို့နယ်မှ ကျား(၁)ဦး၊ မ(၁)ဦးတို့အားဂျင်ဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ မြန်မာငွေစက္ကူရောရာ (၈၄၅၅၀၀)ကျပ်နှင့်အတူ ဂျင်ဝိုင်းလောင်းကစားပြုလုပ်သူများ၏ MDY-6H……..TOYOTOCROWN အနက်ရောင်မော်တော်ယာဉ် ၁စီး၊ MDY-15U……မီနီအိုးဝေအနက်ရောင် ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၁၇ စီး၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၄လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်အုန်းချောနယ်မြေရဲစခန်း(ပ)၂၄၉/၂၀၂၀၊လောင်းကစားဥပဒေပုဒ်မ၁၅(က)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ပုည(မန္တလေး)S.H

Add a Comment

Your email address will not be published. Required fields are marked *