နှစ်လုံးထီလောင်းကစားရောင်းချမှု ဖမ်းဆီးအရေးယူ

အောက်တိုဘာ(၉) မိတ္ထီလာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ စက်မှုဇုန်လမ်းတွင် နှစ်လုံးထီလောင်းကစားရောင်းချနေသူအား
ဖမ်းဆီးအရေးယူဟုသိရပါသည်။ အောက်တိုဘာ(၉)ရက် (၁၁း၄၅)အချိန် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှဒုရဲအုပ်ရန်နိုင်ထွန်း၊ ရဲတပ်ကြပ်ကြီးအောင်မြင့်၊ရဲတပ်ကြပ်ကြီးတိုက်ဝေ၊ ရဲတပ်ကြပ်
ခင်မောင်ထွန်း၊ ရဲတပ်သားဇွဲဆက်ပိုင်၊ အမျိုးသမီးရဲတပ်သား သွယ်သွယ်အိ၊ နယ်မြေမှူးဦးသက်နိုင်စိုးတို့နှင့်အတူ မိတ္ထီလာမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ စက်မှုဇုန်လမ်းတွင်နေထိုင်သော မသန္တာဝင်းသည် နှစ်လုံးထီလောင်းကစားခြင်းနှင့် ရောင်းချခြင်း ပြုလုပ်နေကြောင်းသတင်းအရ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး၏လောင်းကစားနေအိမ် သို့ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်း အမှတ် (၂/၂၀၂၀) ဖြင့် သက်သေများ နှင့်အတူဝင်ရောက်ရှာဖွေဟုသိရပါသည်။ မသန္တာဝင်းနေအိမ်တိုက်ခန်းတွင် အမြင့်(၃)ပေခန့်ရှိ (ပန်းရောင်)ထိုင်ခုံ (၁)လုံးပေါ်တွင် ၎င်းမှထိုင်၍အမြင့်(၂)ပေခွဲ၊ အနံ (၂) ပေ၊ အလျား (၃)ပေခန့်ရှိ ခေါက်စားပွဲ (၁) လုံးပေါ်၌ နှစ်လုံးချဲထီ ဂဏာန်းများနှင့် ငွေအမောက်များရေးသားထားသည့်ဘောင်ချာဖြတ်ပိုင်းစာအုပ် (၁ အုပ်၊ နှစ်လုံးချဲထီလောင်းကစားခြင်းပြုလုပ်ရာတွင်အသုံးပြုသည့် မှင်ခံဖြတ်ပိုင်း (ကာဗွန်) အပိုင်းအစ (၅) ရွက်၊ နှစ်လုံးထီ လောင်းကစားခြင်းပြုလုပ်ရာတွင် အသုံးပြုသည့် Linc တံဆိပ်ပါ (အပြာရောင်) ဘောပင် (၂) ချောင်း၊ နှစ်လုံး ချဲထီလောင်းကစားခြင်းပြုလုပ်ရာတွင် အသုံးပြုသည့် CITIZEN တံဆိပ်ပါ ဂဏန်းပေါင်းစက် (၁) လုံး၊နှစ်လုံးချဲထီ လောင်းကစားရာမှရရှိသည့်ငွေစက္ကူရောရာ ၅၉၀၀ဝိ/-ကျပ်တို့အားရှာဖွေပုံစံဖြင့်သိမ်းဆိးခဲ့သည်ဟုသိရပါသည်။ အဆိုပါ မသန္တာဝင်းအား ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ် ရဲအုပ်အောင်ကျော်မိုးမှအမှတ်(၃) နယ်မြေရဲစခန်းတွင်တိုင်တန်းရာ
အမှတ်(၃)နယ်မြေရဲစခန်းမှ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

မင်းမင်း(ထီလာ)

Add a Comment

Your email address will not be published. Required fields are marked *