ကိုဗစ်ကြောင့် မြန်မာလုပ်သားများ၏ ဒီချုပ်ပါတီထောက်ခံပွဲများ ထိုင်းအစိုးရတားမြစ်

နိုဝင်ဘာတွင်ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲအ တွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ် ပါတီ ထောက်ခံစုဝေးပွဲများပြုလုပ် မည့် မြန်မာရွှေ့ပြောင်းလုပ်သား များကို ထိုင်းဒေသဆိုင်ရာအရာရှိ များက အင်္ဂါနေ့တွင်တားမြစ်ခဲ့ သည်။

နိုဝင်ဘာ ၈ရက်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ခေါင်းဆောင်ကို ထောက်ခံကြောင်းပြသရန်မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၀၀ ခန့်ကစီစဉ်နေသော သတင်းကို ကြားသိရပြီးနောက် ထိုင်းဒေသ ဆိုင်ရာအရာရှိများက ယင်းကဲ့သို့ တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စုဝေးပွဲများပြု လုပ်ပါက COVID-19 ရောဂါကူး စက်နိုင်သည့် အန္တရာယ်ရှိသော ကြောင့် မြန်မာရွှေ့ပြောင်းအလုပ် သမားများ စုဝေးပွဲပြုလုပ်မည့်အ စီအစဉ်ကို ခွင့်မပြုရန်ဒေသဆိုင် ရာအရာရှိများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကရာဘီပြည်နယ်မူ အန်ဒေသအကြီးအကဲ ချိုင်ဝပ်ဘူ အာသွန်က ပြောကြားသည်။

မြန်မာအလုပ်သမားများက မူအန်ဒေသရှိနေရာသုံးနေရာတွင် စုဝေးရန်စီစဉ်ထားခဲ့ကြောင်း သိရ သည်။ ၎င်းတို့က မူအန်ဒေသစည် ပင်သာယာရုံးရှေ့၊ အေအိုနန် ကမ်းခြေနှင့်ချောင်စန်ကွေးဘုန်း ကြီးကျောင်းတို့တွင် စုဝေးရန်စီ စဉ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစု ကြည်၏ဓာတ်ပုံများ ရိုက်နှိပ်ထား သည့် အနီရောင်တီရှပ်များဝတ် ဆင်၍စုဝေးကြရန် စီစဉ်ထားခဲ့ ကြောင်း သိရသည်။

-Ref:Bangkokpost

Add a Comment

Your email address will not be published. Required fields are marked *