ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်၌ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ယောက် COVID ပိုးတွေ့

ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်း ပိုးတွေ့လူနာ ၉၀ ဦးရှိကြောင်း ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်က ပြောသည်။ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် သံဃာတော် ၈၈ ပါး၊ ကပ္ပိယ ၂၃ ယောက်ရှိသည့်အနက် သံဃာတော် ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ၎င်းကပြောသည်။
“ပိုးတွေ့တာ သံဃာတော်က ၇၆ ပါး၊ ကပ္ပိယက ၁၄ ‌ယောက်‌တွေ့တယ်၊ စုစုပေါင်းဆိုရင် ၉၀ ပိုးတွေ့တယ်။ သံဃာတော်တွေကိုတော့ ဗဟန်း ၃ လမ်းမှာရှိတဲ့ အဘိဓမ္မာသာသနာ့ဓရဗိမ္မာန်ကို ပို့ဆောင်ထားတယ်။ လူ တွေကိုတော့ ဘုရင့်နောင်စစ်ကျောရေးကိုပို့ဆောင်ထားတယ်” ဟု ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောသည်။


ယခုအခါ မဟာသိမ်တော်ကြီးကျောင်းတိုက်ကို ကန့်သတ်မှုပြုလုပ်ထားပြီး ကိုဗစ်စစ်ဆေးမှုများပြုလုပ် နေကြောင်းလည်း ၎င်းကပြောသည်။
အင်းစိန်ရွာမကျောင်းတွင် သံဃာ‌တော်အမြောက်အများ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် ယခုအခါ ပန်း ဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် အလားတူတွေ့ရှိရခြင်းဖြစ်သည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *