Music Zone Ktv မြေနေရာကို ကြံ့ခိုင်ရေးပါတီက တစ်လ ၇သိန်းခွဲနဲ့ နှစ်သုံးဆယ်စာချုပ်နဲ့ ဌားရမ်းထား

Music Zone Ktv မြေနေရာကို ကြံ့ခိုင်ရေးပါတီက တစ်လ ၇သိန်းခွဲနဲ့ နှစ်သုံးဆယ်စာချုပ်နဲ့ ဌားရမ်းထားတာပါဆိုပြီး ဒီနေ့ ဇော်မင်းကိုယ်တိုင် သင်္ဃန်းကျွန်း တရားရုံးမှာထုတ်ဖော်ပြောဆိုသွားတယ် ။ အရင်ကစည်ပင်ပိုင်မြေနေရာကို ဦးသန်းရွှေတည်ထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဌ ဦးသိန်းစိန် သမ္မတလက်ထက် ၂၀၁၀ခုနှစ်မှာသိမ်းယူပြီး Music Zone Ktv ဆိုပြီး ဗိုလ်မှုးချုပ်(ငြိမ်း) ဦးဇော်မင်း(ခ) ဝမ်ချောင် ဆိုသူအားနှစ်ရှည်စာချုပ်ဖြင့် ဌားရမ်းထားခြင်းဖြစ်သည်။ ဦးဇော်မင်း (ခ)ဝမ်ချောင်ဆိုသူဟာ ထို KTV အား သူတစ်ဦးတည်းပိုင်သည်မဟုတ်ပဲ သူ့၏စီနီယာဗိုလ်ချုပ်ကြီး သူရရွှေမန်း၏သား TAMINAL စက်သုံးဆီဆိုင်ပိုင်ရှင် အောင်သက်မန်း ဆိုသူနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်ကြီးဟောင်းများတစ်ချို့နှင့် ရင်းနှီးမြုပ်နှံကာဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်သည်။


ထို Music Zone Ktv သည်နိုင်ငံတော်အခွန်ကင်းလွှတ်ခွင့်ကို ခံစားခွင့်ရှိသည်ဟု ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကသတ်မှတ်ပေးထားခြင်းဖြစ်သည်။ ထို KTV စားသောက်ဆိုင်ရဲ့ တစ်နေ့တာပျမ်းမျှဝင်ငွေဟာ သိန်း ၇၀ မှ သိန်း ၁၂၀ ကြားအထိရှိနေပြီး နိုင်ငံတော်ကိုအခွန်ဆောင်စရာမလို လိုင်စင်ကြေးပေးဆောင်ရန်မလို အခွန်ကင်းလွှတ်ခွင့်ကိုအထူးရထားသည့်အတွက် ထိုရင်းနှီးမြုပ်နှံမှု့မှ တစ်နှစ်ကို သိန်း၄၀၀၀ မှ ၅၀၀၀ ကြားထိအမြတ်ငွေများရရှိနေသည်။ထို Music Zone Ktv သည်ယနေ့အချိန်တွင် ဗိုလ်မှူးချုပ်(ငြိမ်း) ဦးဇော်မင်း(ခ)ဝမ်ချောင်ဆိုသူနှင့် သူ့၏ဇနီးဖြစ်သူ ဒေါ်ဝေဖြိုး (ခ) လွမ်ရှင်းယန် ဆိုသူနှင့်ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။ ထို KTV မှ စတဲ့ ပိုးတွေ့လူပေါင်း ၁၀၀ ကျော်ဟာ ယနေ့ထိဆိုရင် ရန်ကုန်မြို့မှာ လူဦးရေ ၇၀၀၀ ကျော်ထိကူးစက်ခံထားရပြီး လူပေါင်း ၄၀၀ ကျော်ထိသေဆုံးခဲ့ပြီဖြစ်သည်။
ထိုကြောင့် ၄င်း KTV အား တစ်လကျော်ခန့်အကြာတွင် ပြည်ထဲရေးမှသဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အမှု့ဖွင့်ပြီး ၁၄ရက်အကြာမှ ဦးဇော်မင်း (ခ) ဝမ်ချောင်သည် ( ၄.၁၀..၂၀၂၀ ) တွင်သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ထိုအမှု့သာ တရားရုံးစီရင်ချက် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မထင်ရှားပါက အရေးယူခံရလျှင် ထောင်ဒဏ် ၃လ ဖြစ်စေ ငွေဒဏ်(၁၀၀၀၀၀)ကျပ် (သို့) ပြစ်ဒဏ်နှစ်ရပ်လုံးခံရနိုင်ဟုမြန်မာ့ဥပဒေကပြဌာန်းထားသည်။

Add a Comment

Your email address will not be published. Required fields are marked *