ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသူကထိန်းသိမ်းသူ ရဲတပ်ကြပ် ကို ကတ်ကြေးနဲ့ထိုး


အမှုဖြစ်စ်မှာ ၃.၁၀.၂၀၂၀ ရက်နံနက်၂နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံတွင်Quarantineဝင်နေသူ၊ ကလေးမြို့နယ်မြေ ၁၊ တောင်ဇလပ်ရပ်ကွက်နေ၊ စိုင်းမြတ်သူဆိုသူမှာဆးရုံအ ပေါ်ထပ်တွင် လူငယ်တစ်ဦးထိမ်းသိမ်းရန် ခက်ခဲနေပြီးကတ်ကြေးကိုင်လျက်သောင်းကျန်းနေကြောင်းဆေးရုံတာဝန်ရှိသူဝန်ထမ်းများနှင့်ပရဟိတဆောင်ရွက်နေသူများကဝိုင်းဝန်းပြောဆိုသောလည်း ရန်မူ နေသဖြင့် ဆေးရုံတာဝန်ကျ သူနာပြု များကကလေးမြို့မရဲစခန်းသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ကလေးမြို့မရဲစခန်းမှရဲတပ်ကြပ်ဖြိုးလင်းထက်နှင့်အဖွဲ့က သွားရောက်ထိန်သိမ်းစဉ် စိုင်းမြတ်သူက ကတ်ကြေးဖြင့်ထိုးခဲ့ရာ ရဲတပ်ကြပ်ဖြိုးလင်းထက်တွင်နံရိုးဘေးထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် အရေးယူရန် တိုင်ကြားခဲ့သည်။ ပြစ်မှုကျူးလွန်သူမှာရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်မိသဖြင့် အဆိုပါဆေးရုံတွင်Qဝင်၍စစ်ဆေးခဲ့ရာ Negative အဖြေရရှိထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။ ကလေးမြို့မရဲစခန်းက(ပ)၈၄၉/ ၂၀၂၀၊ ရာဇသတ်ကြီဥပဒေပုဒ်မ၃၃၃အရအမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အောင်ကျော်ဦး(ပြည်မျက်လုံး)S.H

Add a Comment

Your email address will not be published. Required fields are marked *