ထိုင်းနိုင်ငံ မြောင်းပိုင်းမှာ မြန်မာနိုင်ငံသူတစ်ဦးကလေး နို့တိုက်လျက် အမျိုးမည်မသိရောဂါဖြင့်သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် လမ်းပူးမြို့မှာ လာရောက်အလုပ်လုပ်နေသူ (အသက် ၂၁ )နန်းနာနွမ် ဟာ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက သူမနေထိုင်ရာ တိုက်ခန်းမှာ ကလေးနို့တိုက်ရင်း သေဆုံးနေတာတွေ့ရလို့ အိမ်နီးချင်းတွေက သက်ဆိုင်ရာကို သတင်းပို့အကြောင်း ကြားခဲ့ကြောင်း ထိုင်းနိုင်ငံ သတင်းတွေမှာဖေါ်ပြနေပါတယ်။

မနန်းနာနွမ် ရဲ့ လေးလ သားအရွယ် ကလေးရဲ့ ငိုသံကြားလို့ အခန်းချင်း ကပ်လျက် မိတ်ဆွေတွေက လာကြည့်တဲ့အခါ ကလေးဟာ မိခင်နို့စို့ရင်းငိုနေရင်း ငိုနေတာတွေ့ရပြီး မိခင်ဟာ ကလေးလို ဖက်ထားရင်းသေဆုံးနေတာကို တွေ့ရတာလို့ ဆိုပါတယ်။ သေဆုံးသူရဲ့ အမျိုးသားဖြစ်သူ စိုင်းကြိုင်မတ် အသက် ၂၅ နှစ်ကတော့ မနက်ပိုင်း အလုပ်ထွက်လုပ်နေလို့ ရပ်ကွက်က ဖုန်းဆက် လို့ခဲ့ရတာဖြစ်ပြီး သူအမျိုးသမီးဟာ ရောဂါ တစုံတရာ မရှိ ကျန်းမာရေးကောင်းသူဖြစ်တာကြောင့် အခုလိုသေဆုံးရတာကို သူ့အနေနဲ့ စဉ်းစားမရဘူးလို့ သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *