fbpx

(၂၀)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှင် ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့ မှထွက်ပေါ်

နေပြည်တော်၊ အောက်တိုဘာ(၁)

(၂၀)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှင် ဧရာ၀တီတိုင်းဒေသကြီးဟင်္သာတမြို့မှ ထွက်ပေါ်ခဲ့ပါသည်။
အဆိုပါ ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကြီးကို လ ၉၁၄၂၃၇ ဟူသောပေါက်ဂဏန်းဖြင့် ဟင်္သာတမြို့တွင် နေထိုင်သူ ဦးတင်မောင်ညွန့်က ကံထူးသွားခြင်းဖြစ်ပါသည်။

လက်ရှိ ဦးတင်မောင်ညွန့်ကို ဆက်သွယ်လျက်ရှိပြီး ပေးခဲ့သည့်ဖုန်းနံပါတ်မှာ ဆက်သွယ်မရဖြစ်နေသည်ဟု သိရပါသည်။ ဦးတင်မောင်ညွန့်သည် ရွှေမြန်မာထီဆိုင်မှ တစ်ဆင့် ကိုယ်စားလှယ်ယူရောင်းသည့် ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်မှ စက်တင်ဘာလ (၂၈) ရက်နေ့က (၉)မျိုး(၉)ဆောင်ထဲကမှ နှစ်ဆောင်ရွေးထိုးသွားရာမှ ထီပေါက်ခြင်းဖြစ်တယ်လို့ မင်္ဂလာစွယ်တော်ထီဆိုင်ပိုင်ရှင် ဒေါ်၀င်းမာအေးထံမှသိရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *