fbpx

ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူ (သို့မဟုတ်) တန်းတူထက် ပိုသည်ဟုဆိုနိုင်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၂၀၊စက်တင်ဘာ ၃၀

ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူအရေးကြီးပြီး တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌသည် ပြည်နယ်သုံးခုမှ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် အွန်လိုင်းမှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်တွင် ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအတွက် အင်မတန် ကြီးမားသည့် စိန်ခေါ်မှုသည် ကိုဗစ်-၁၉ ရောဂါဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။

‘‘ရွေးကောက်ပွဲတွေ ဆိုတာ လည်းကိုဗစ်−၁၉ နဲ့ တန်းတူအရေးကြီးတယ်။တန်းတူထက်တောင်မှ ပိုတယ်လို့တောင်ဆိုလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်-၁၉ ဆိုတာအခုလက်ရှိ ကျွန်မတို့အနေနဲ့ ကာကွယ်ဆေး ပေါ်တာနဲ့ ဒီစိန်ခေါ်မှုကိုကျော် လွှားနိုင်မယ်လို့ ကျွန်မတို့ မျှော် လင့်ထားတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

နိုင်ငံအများစုက လပိုင်းအ တွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထုတ်လုပ်နိုင်မည်ဟု မျှော် မှန်းထားပြီး အဆိုပါလပိုင်းအ တွက်စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် တစ်ရက်ချင်း စည်းကမ်းထိန်းမှသာဖြစ်မည်ဟု အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌက ဆိုသည်။ ရွေးကောက်ပွဲအောင်နိုင် ရေးဆိုသည်မှာ လပိုင်းအတွက် မဟုတ်ဘဲ နောင်မျိုးဆက်တစ် ဆက်ပြီးတစ်ဆက်အတွက်ဖြစ် ကြောင်းနှင့် အင်န်အယ်လ်ဒီပါတီ ၏ လက်ရှိယှဉ်ပြိုင်မှုသည် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘အဲဒီတော့ ကျွန်မတို့ကနေ တစ်နည်းအားဖြင့်ပြောရင် အ တိတ်သမိုင်းတစ်ခုလုံးကို ယှဉ် ပြိုင်နေတာ။ အရင်တုန်းက စနစ် ဟောင်းတွေကို ယှဉ်ပြိုင်ပြီးတော့ ကျွန်မတို့လိုချင်တဲ့ စနစ်သစ်ကိုခိုင်ခိုင်မြဲမြဲထူထောင်နိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ သည် ကိုဗစ်-၁၉ နှင့်တန်းတူ (သို့မဟုတ်) ပို၍အရေးကြီးသည် ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်မှာ မှန်မယောင်နှင့် လွဲချော်နေကြောင်းနှင့် လက်ရှိ တွင် နံပါတ်(၁)အရေးကြီးဆုံးမှာ ကိုဗစ်-၁၉ ကို ခုခံကာကွယ်တိုက် ခိုက်နိုင်ရေးကသာ အရေးကြီးဆုံးလုပ်ငန်းတာဝန်ဖြစ်ကြောင်း နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူ ဦး သန်းစိုးနိုင်က သုံးသပ်သည်။

‘‘ကိုဗစ်-၁၉ ထိန်းချုပ်နိုင်တဲ့အခြေအနေအောက်မှာမှ ရွေး ကောက်ပွဲကို စဉ်းစားရမယ့်သ ဘောရှိပါတယ်’’ ဟု ၎င်းက ပြောသည်။လာမည့် အောက်တိုဘာလ အတွင်း ရောဂါထိန်းချုပ်နိုင်မှု အခြေအနေမရှိပါက ရွေးကောက် ပွဲကို တစ်လ (သို့မဟုတ်) နှစ်လ နောက်ဆုတ်ကာ ရွှေ့ဆိုင်းသင့် ကြောင်းနှင့် အောက်တိုဘာလအ တွင်း ထိန်းချုပ်နိုင်မှသာ သတ် မှတ်ရက်အတိုင်း ကျင်းပနိုင် ကြောင်း ဦးသန်းစိုးနိုင်က မှတ် ချက်ပြုသည်။

Add a Comment

Your email address will not be published. Required fields are marked *