လှိုင်မြို့နယ်ရှိစစ်ကြောရေး နှင့်တည်းခိုရေးတပ်တွင် Covid-19 အတည်ပြုလူနာ ( ၁၀၀၀)ဦး ထားရှိနိုင်ရန် တပ်မတော်ပြင်ဆင်ပြီး လူနာများစတင်လက်ခံလျက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွန်ချက်နှင့်အညီ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်၍ တပ်နယ်အတွင်းမှအရာရှိစစ်သည်များ၏မနား မနေစွမ်းဆောင်မှုဖြင့် နာရီပေါင်း(၆၀)အတွင်းမှာ လှိုင်မြို့နယ်ရှိစစ်ကြောရေး နှင့်တည်းခိုရေးတပ်တွင် Covid-19 အတည်ပြုလူနာ( ၁၀၀၀ )ဦးထားရှိနိုင်ရန် (၂၉-၉-၂၀၂၀)နေ့မှာအသင့်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တစ်ယောက်ခန်းတစ်ခန်းလျှင်(၁ဝ)ပေကျယ်ဝန်းပြီး တစ်ကိုယ်ရေသုံးရန် ပစ္စည်းဗူး နဲ့စနစ်တကျဖြန့်ဝေပေးနိုင်ရန်ဆောင်ရွက်ထားရှိပါတယ်။CCTV System၊Public Announce System၊ အဆောင်များမှအရေးပေါ် ဖြစ်လျင်ဆေးဝန်ထမ်းများကိုသတင်းပို့နိုင်တဲ့ Intercom Systemတွေလည်း တပ်ဆင်ထားပါတယ်။ လေဝင်လေထွက်ကောင်းစေရန် Ceiling Fan၊တစ်ယောက်ချင်းဖုန်းအားသွင်းနိုင်ရန်မီးပလပ်ကအစ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ သောက်ရေသန့်များကိုလည်းလောက်ငှစွာသောက်သုံးနိုင်ဖို့ပြင်ဆင်ပေးထားပါတယ်။

ပြင်ဆင်ဆောက်ရွက်ပြီးသည်နှင့်တစ်ပြိုင်တည်း Covid-19အတည်ပြုလူနာပေါင်း (၁၀၀)ကျော် ကိုစတင်လက်ခံနိုင်ခဲ့ပါတယ်။ အချိန်ပိုင်းအတွင်းမှာ လူနာ (၁၀၀၀) ကျော်ကို အစစ အရာရာ အဆင်ပြေစိတ်ချမ်းသာစွာနေထိုင်နိုင်ရေးပြင်ဆင်ဆောက်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *