ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၄၀) ကျော် Covid-19 ကူးစက်ခံရ
|ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၄၀ကျော် Covid-19 ကူးစက်ခံရတယ်ဆိုတာ ဟုတ်မှန်တယ်လို့ အရေးပေါ်ဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမော်မော်ဦးက အတည် ပြုပြောကြားပါတယ်၊၊ “အခုကြားတဲ့သတင်းကမှန်ပါတယ်၊၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာ ဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေရော၊ သူနာပြုတွေရော၊ အခြားကျန်း မာရေးဝန်ထမ်းစုစုပေါင်း ၄၀ကျော် Covid-19 ကူးစက်ခံရတယ်ဆိုတာ ဟုတ်ပါတယ်၊၊ ဆေးရုံကြီးမှာ လက်တွေ့ဆင်းနေတဲ့ ဆေးတက္ကသိုလ် ကျောင်းသားတွေလည်းကူးစက်ခံလိုက်ရပါတယ်” လို့ ဒေါက်တာ မော်မော်ဦးကပြောပါတယ်၊၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့လူနာတော်တော်များများမှာ Covid-19 ရောဂါပိုးရှိနေပြီး ရောဂါပိုး ရှိမှန်းမသိဘဲ အခြားရောဂါတွေ ကိုလာရောက် ပြသရာမှ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက် သွားတာဖြစ်ပါတယ်၊၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီးတွေရှိ ကျန်းမာရေး ဝန်ထမ်းတွေကို အကာအကွယ်ဝတ်စုံနဲ့ ပစ္စည်းတွေထပ်မံဖြည့်ဆည်း ပေး ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်၊၊
သတင်း – သူသူထက်လွင်