ဘင်္ဂလားဒေ့ရှ်ကို ၂၀၃၀မှာ တောင်အာရှရဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမည်ဆိုပြီး ချင်းကပ်လာတဲ့ အမေရိကန်
|လွန်ခဲ့တဲ့ ၁၅ရက်ခန့် September 11, 2020 မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်ခ် အက်စ်ပါ က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာဆီနာ ထံကို ဖုန်းဆက်ခဲ့ တယ်။ လိုရင်းပြောရရင် အမေရိက န် က သူတို့ရဲ့ အင်ဒို- ပစိဖိတ်ဒေသ မဟာဗျူဟာ အရ ဘင်္ဂလားဒေ့ရှ်ကို ထည့် ကစားဖို့ စည်းရုံးရေး ဆ င်းတဲ့ သဘောပါဘဲ။ ကာကွယ်ရေးဝန်ကြီး ရဲ့ စကားဆိုတော့ ဘင်္ဂလားဒေ့ရှ်ကို ခေတ်မီ လက်နက်တွေ ထောက်ပံ့ ရောင်းချ ပေးမယ်ဆိုပြီး မြှူဆွ ယ်ခဲ့ပါတယ်။ Nikkei Asian Review ဂျပန်သတင်းဋ္ဌာန ကတော့ အမေရိကန် ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာဆီနာ ကို တရုတ်နဲ့ ဝေးအောင် ဆွဲခေါ်ချင်လို့ မြှူဆွယ်တာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ၂၀၃၀မှာ တောင်အာရှရဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမယ်လို့လဲ မာ့ခ် အက်စ်ပါက ပြောပါ သတဲ့။ ခုလောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက လက်နက် ဖောက်သည်ဟာ တရုတ် ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ရုရှားရဲ့ လက်နက်ကို ဒုတိယအများဆုံး ဝယ်ယူထားပါတယ်။ အမေရိကန် ဗြိတိန် နဲ့ အီတလီတို့ ထံက လက်နက်ဝယ်ယူမှုကတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နံပါတ်တစ် ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးနိုင်ငံ ကလည်း တရုတ်ပါဘဲ။
တရုတ်ဟာ ဘင်္ဂလားဒေ့ရှ် မှာ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ပေးဖို့ စီမံကိန်းတွေ အများအပြား သဘောတူညီချက် ရယူပြီး လည်း ဖြစ်ပါတယ်။ ဒီထဲကမှ အမေရိကန် ဒေါ်လာ ၆.၄ဘီလျံ တန်ဖိုးရှိ စီမံကိန်းအသစ်၉ခုကို ဦးစားပေး တည်ဆောက်ပေးဖို့ တရုတ်ကို လိုလိုလားလား တောင်းဆိုမှု ပြုထားပါတယ်။
အမှန်တကယ် အားဖြင့် တရုတ်က BRI အတွက် ဘင်္ဂလားဒေ့ရှ်ကို စနစ်တကျ အချိန်ယူ စည်းရုံးသိမ်းသွင်း ခဲ့ပြီးတာ ကြာခဲ့ပါပြီ။ ဒီအတိုင်း ဆက်သွားရင် ဘင်္ဂလား ဒေ့ရှ်ဟာ သီရိလင်္ကာနိုင်ငံလိုပဲ တရုတ်ရဲ့ အကြွေး ထောက်ချောက်ထဲ ရောက်တော့မယ်ဆိုတဲ့ ဝေဘန်ချက် တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ခုချိန်ကျမှ တရုတ်ရဲ့ အနာဂတ် စီမံကိန်း တွေ ရည်ရွယ်ချက် ပန်းတိုင်တွေကို ရိုက်ချိုး ဖျက်ဆီးဖို့ (အဓိက အားဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူဒေသ တရုတ်ရဲ့ စီးပွားရေး အခြေခံအဆောက်အအုံ တွေကို ဝန်းရံ ပိတ်ဆို့ ဖို့) တောင်အာရှရဲ့အဓိက ကျတဲ့ လမ်းကြောင်း ပေါ်က ဘင်္ဂလားဒေ့ရှ်ကို ရွေးချယ် ချဉ်းကပ်လာခဲ့တာလို့ ယူဆရပါတယ်။
တရုတ်က အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အတွက် စစ်ရေး ရည်ရွယ်ချက်ကို ဖုံးကွယ်ပြီး စီးပွားရေး အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးစီးခဲ့တာ ကြာခဲ့ပါပြီ။ ခုချိန်ကျမှ တရုတ်ရဲ့ အနာဂတ်စီမံကိန်းတွေ ကို ဖြတ် တောက် ပိတ်ဆို့ဖို့ ရည်ရွယ်ချက် နဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ်ရေး အကူအညီတွေ ပေးမယ်လို့ ကြွေးကြော်ပြီး ဝင် ရောက် လာခြင်းဟာ ” ကောင်းသော လာခြင်း” မဟုတ် တာတော့ အမှန်ဘဲ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရဲ့ စကားထဲမှာ ဘင်္ဂလီ ဒုက္ခသည် (သူတို့အခေါ် ရိုဟင်ဂျာ) တွေ အရေးကိုလည်း အထူး ထည့်သွင်း ပြောကြားခဲ့တာ တွေ့ရမှာပါ။ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက စစ်ရေး အကူအညီ တွေပေးမယ်။
ခေတ်မီတပ်မတော် ဖြစ်အောင် ထူထောင်ပေးမယ်လို့ ပြောင်ပြောင်တင်းတင်း ပြောပြီး ဝင်လာတာကို တရုတ်ဘက်ကလည်း ဒီတိုင်း လက်ပိုက် ကြည့်နေမှာတော့ မဟုတ်ပါဘူး။ အမေရိကန် နဲ့ တရုတ်ရဲ့ စီးပွားရေး စစ်ရေး အားပြိုင် နယ်ချဲ့ကြတဲ့ ရန်စောင်မှု နောက်ဆက်တွဲဆိုးကျိုးတွေ ကို ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့က ခံစားရဖွယ် ရှိပါတယ်။
ယခင်ကတည်းက အနောက်တံခါးမှာ အမေရိကန် နဲ့ အနောက်အုပ်စုက သွယ်ဝိုက် စွက်ဖက်ခဲ့တဲ့ အတွက် ပြဿနာ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြန်မာ အနေနဲ့ ယခုလို အမေရိကန်က တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှု လုပ်လာ မယ် ဆိုရင်တော့ ပြည်တွင်း ပြည်ပ ပဋိပက္ခတွေ ပိုပြီး ကြံုလာရဖွယ် ရှိကြောင်း သုံးသပ်မိပါတယ်ဗျာ။
သတင်း/ဆောင်းပါး ဆရာ Than Lwin Ū