ကိုဗစ်ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေး မြန်မာလုပ်သားများအားမခေါ်ယူရန် ထိုင်းကျန်းမာရေးညွှန်ကြား

မဲဆောက်မြို့တွင် တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားများကို တွေ့ရစဉ် ဓာတ်ပုံ – Assawin Pinitwong

ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန(DDC)က မြန်မာနယ်စပ်မြို့များရှိCOVID-19 ရောဂါအခြေအနေများအား အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် ဒုတိယလှိုင်းရောဂါပျံ့နှံ့အားကြိုတင်ကာကွယ်ရေးအတွက် ထိုင်းလုပ် ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှအလုပ်သမားများခေါ်ယူနေမှုကို ရပ်တန့်ရန် DDCညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆူဝန်နာချိုင်းဝတ်တာနာယင်ချာရိုအန်ချိုင်က  ညွှန်ကြားထားသည်။

မြန်မာနိုင်ငံရှိရောဂါပျံ့နှံ့မှုနှင့်ပတ်သက်၍ မိမိတို့များစွာစိုးရိမ်မိပြီး ထိုင်းနိုင်ငံတွင် COVID-19ဒုတိယလှိုင်းကြို တင်ကာကွယ်ရေး အထောက်အကူဖြစ်စေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြား အလုပ်သမားများ အထူးသဖြင့်မြန်မာနိုင်ငံမှ အလုပ်သမားများမခေါ်ယူကြရန် ဒေါက်တာဆူဝန်နာချိုင်းဝတ်တာနာယင်ချာရိုအန် ချိုင်းက စက်တင်ဘာ၂၃ရက်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင်COVID-19ရောဂါကူးစက်ခံရသူအရေအတွက် ပိုများလာသောပုံစံသည်အိန္ဒိယနှင့်ဆင်တူနေ ကြောင်းနှင့်မိမိတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့်နိုင်ငံများတွင် ရောဂါပျံ့နှံ့မှုပိုများလာသောကြောင့် ကျန်းမာရေးနှင့်လုံခြုံရေးအရာရှိများက အခြေအနေများကိုအနီးကပ်စောင့်ကြည့်နေရကြောင်း၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်အထူးသဖြင့် မလေးရှားနိုင်ငံတွင်ရောဂါကူးစက်သူပိုများလာသောကြောင့် စိုးရိမ်မိကြောင်း ဒေါက်တာဆူဝန်နာချိုင်းဝတ်တာနာယင်ချာရိုအန်ချိုင်းက ပြောကြားသည်။ မလေးရှားနိုင်ငံ တွင်စုစုပေါင်း ပိုးတွေ့လူနာအရေအတွက်သည်ဗုဒ္ဓဟူးနေ့က ၁၀၃၅၈ဦးသို့မြင့်တက်လာကြောင်း ၎င်းကပြောကြားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူများအားတားဆီးကာကွယ်ရေး ထိုင်းအေဂျင်စီများစွာကဆောင်ရွက်နေပြီး နယ်စပ်ဒေသများရှိနိုင်ငံခြားအလုပ်သမားများအား ကျန်းမာရေးအရာရှိများကစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေါက်တာက ပြောကြားသည်။ လူကုန်ကူးသောဂိုဏ်းများတွင်ပါဝင်သူများကိုလည်း ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ကန်ချာဘူရီပြည်နယ်နှင့်ထိစပ်နေသောမွန်ပြည်နယ်တွင် ပိုးတွေ့လူနာ၁၆၉ဦးရှိနေပြီး မေဟောင်ဆွန်၊ တက်ခ်နှင့်ကန်ချာဘူရီပြည်နယ်တို့နှင့် ထိစပ်နေသည့်ကရင်ပြည်နယ်တွင်၃၆ဦးရှိကာ ချင်းရိုင်၊ချင်းမိုင်နှင့် မေဟောင်ဆွန်ပြည်နယ်တို့နှင့် ထိစပ်နေသောရှမ်းပြည်နယ်တွင်၂၃ဦးရှိနေသဖြင့် အထူးသတိထား စရာလိုကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
Ref:Bangkokpost

Add a Comment

Your email address will not be published. Required fields are marked *