fbpx

ဘုရင့်နောင်ကုန်စည်ဒိုင် မနက်ဖြန်ကစပြီး ယာယီပိတ်ထားမည်

ဘုရင့်နောင်ကုန်စည်ဒိုင် မနက်ဖြန်ကစပြီး ယာယီပိတ်ထားမည်


စက်တင်ဘာ(၂၁) ရက်က ကျင်းပခဲ့တဲ့ အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘုရင့်နောင်ကုန်စည်ဒိုင် ရုံးအဖွဲ့ ဟာ နေအိမ်တွေကနော ရုံးလုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်တာကြောင့် ကုန်စည်ဒိုင်ကို စက်တင်ဘာလ(၂၄) ရက်နေ အောက်တိုဘာ (၇) ရက်အထိ ခေတ္တ(ယာယီ) ပိတ်ထားမယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် လူမှုကွန်ရက် ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။ အပြည့်အစုံမှာ ဖော် ပြပါအတိုင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဘုရင့်နောင်ကုန်စည်ဒိုင်) အသိပေးကြေညာချက်
၁။၂၁.၉.၂၀၂၀ ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့သော အလုပ်အမှုဆောင်အစည်းအဝေး(Zoom Online Meeting)၏ ဆုံးဖြတ်ချက်အရ ဘုရင့်နောင်ကုန်စည်ဒိုင် ရုံးအဖွဲ့သည် ၂၄.၉.၂၀၂၀ ရက်နေ့မှ ၇.၁၀.၂၀၂၀ ရက်နေ့အထိ (Work at Home) နေအိမ်များမှနေ၍ ရုံးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်အား ၂၄.၉.၂၀၂၀ ရက်နေ့မှ ၇.၁၀.၂၀၂၀ ရက်နေ့အထိ ခေတ္တ(ယာယီ) ပိတ်ထားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ဘုရင့်နောင်ကုန်စည်ဒိုင် အသင်းဝင်များအနေဖြင့် အရောင်းအဝယ် ပြုလုပ်လိုပါက ကုန်စည်ဒိုင် အကျိုးဆောင်ပွဲစားများမှတဆင့် ဆက်သွယ်၍ အရောင်းအဝယ် ပြုလုပ်နိုင်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

Add a Comment

Your email address will not be published. Required fields are marked *