ယနေ့ နံနက်ပိုင်းက လှိုင်သာယာမြို့ရှိ အထပ်သားလွှာစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့
|ရန်ကုန်၊ စက်တင်ဘာ ၂၃။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ အထပ်သားလွှာစက်ရုံတစ်ရုံ ယနေ့ နံနက်ပိုင်းအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါမီးလောင်မှုသည် ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့ နံနက် ၈နာရီ ၁၅မိနစ်ခန့်မှာ လှိုင်သာယာမြို့နယ်မှ စက်မှုဇုန်(၅)ရှိ အထပ်သားလွှာစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထိုအထပ်သားလွှာစက်ရုံ မီးလောင်မှုအား Level 1 အဆင့် မီးငြိမ်းသတ်နိုင်ခဲ့ကာ ၁၅မိနစ်ခန့်ကြာ ငြိမ်းသတ်ခဲ့ရ တယ်လို့ ဆိုပါတယ်။
ထိုမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် မြို့နယ်အတွင်းရှိ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များမှလည်း သွားရောက်ကူညီဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
TMA