ကွာရတင်းစင်တာတွေမှာ positve တွေ့လျှင် ချက်ချင်းဆေးရုံသို့မလွှဲဖို့ အပေါ် ဝေဖန်မှုတွေရှိနေ
|အစိုးက သတ်မှတ်ထားတဲ့ Facility Quarantine Center မှာ အသွားအလာကန့်သတ်ထားသူတွေမှာ positive တွေ့ပြီဆိုတာနဲ့ ဆေးရုံကို ချက်ချင်းမလွှဲဖို့ အပေါ် ဝေဖန်မှုတွေ များလာတာ တွေ့ရပါတယ်။ အဓိကတော့ ဆေးရုံးမှာ ကျန်းမာရေးဝန်ထမ်းတွေ ဝန်ပိနေတာလျှော့ချဖို့ စေတနာနဲ့ဖြစ်ဖို့များပါတယ်လို့ FQ Center မှာ စောင့်ကြည့်နေသူတစ်ဦးကပြောပါတယ်။ ဒါပေမယ့် FQ Center တွေအနေအထားကတော့ အခြေအနေအရ ခဏတာ ထိန်းသိမ်းဖို့အတွက် သာ ဖွင့်လှစ်ထားရတာပါ။ Facility ဆိုပေမယ့်လည်း နေထိုင်ဖို့နဲ့ အစားအသောက် အဆင်ပြေဖို့ပဲ FQ Center စီစဉ်ပေးခဲ့တာပါ။ နိုင်ငံတော်အစိုးရအနေနဲ့ Facility အပြည့် မပေးနိုင်ပါဘူး။

တကယ်လို့သာ FQ မှာပဲ အခြေအနေမဆိုးတဲ့ positive တွေ့တဲ့ လူနာတွေကို ဆက်လက်ထားမယ် ဆိုရင် အနည်းဆုံး ၂ ချက်လောက် လိုအပ်မှု ရှိမှာပါ။
၁။ positive လူနာကို FQ center တိုင်းမှာ သီးခြားထားနိုင်မယ့် နေရာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ယခင်လို ရောနှောထားဖို့ မဖြစ်သင့်ပါဘူး။
၂။ FQ center တိုင်းမှာ အချိန်ပြည့် ကျန်းမာရေးဝန်ထမ်းတွေ ချထားပေးဖို့ လိုအပ်ပါမယ်။ ခုက အချိန်ပြည့်ပေးထားတာ မရှိပါ။ ဒီအပေါ်က ၂ ချက်ကို လုပ်နိုင်မယ်ဆိုရင် covid -19 positive ဖြစ်ပေမယ့် အရေးပေါ် လက္ခဏာမပြမချင်း ဆေးရုံပေါ်မှာ နေရာအခက်အခဲပြဿနာ ဖြေရှင်းပြီးသားဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါဟာ ကျနော့ရဲ့ အမြင်နဲ့ အယူအဆသာဖြစ်ပါတယ်ဟု Facility Quarantine Center မှာ တာဝန်ထမ်းနေတဲ့ သူတစ်ဦးကပြောပါသည်။
သတင်း – ဦးသာကြီး