ဇနီးနှင့်စကားများ၍ အဆိပ်သောက် ဆေးရုံရောက်သည့်အမျိုးသား ကိုဗစ် Positive ဖြစ်နေ
|ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြိုနယ် (၁၆၈) ရပ်ကွက်အတွင်း ကျူးကျော်နေအိမ်တခုတွင် ဇနီးဖြစ်သူနှင့်စကားများခဲ့၍ အဆိပ်သောက်ခဲ့ပြီး ဆေးရုံရောက်လာသူ အမျိုးသားတဦးကို စစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီးစက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဇနီးဖြစ်သူနှင့့် စကားများခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံရှိ ကျန်းမာရေးဝန် ထမ်းများက ၎င်းအား ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၇ ရက် ည ထုတ်ပြန်ချက်တွင်လည်း အဆိုပါအမျိုးသားသည် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသား ကိုဗစ်-၁၉ ပိုးကူးစက်ခံရမှုဖြစ်စဉ်မှာမှန် ကန်ကြောင်း ၁၆၈ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အတည်ပြုပြောကြားသည်။”လူနာကအခုစံပြဆေးရုံမှာပါ။ သူ့မိသားစုဝင်တွေကတော့ လောလောဆယ် ကွာရတင်းဝင်ရမှာပေါ့။ ကျန်တာတော့ကျန်းမာရေးအဖွဲ့တွေဆက်လက်လုပ်ဆောင်ပါလိမ့်မယ် “ဟု ၎င်းကပြောသည်။
ထို့အပြင် ယင်းပိုးတွေ့လူနာနေထိုင်ရာနေရာတွင် ကျူးအိမ်ခြေ ၄၀ ခန့်ရှိပြီး ပိုးတွေ့လူနာ နေထိုင်သည့် ကျူး ကျော်တဲတွင်လည်း အသက် ၂ နှစ်ခွဲနှင့် အသက် ၄ နှစ်အရွယ်ကလေးငယ်နှစ်ဦး အပါ အဝင် မိသားစုဝင် ၈ ဦးနေထိုင်ကြောင်း အုပ် ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။
လက်ရှိတွင် ကိုဗစ် ရောဂါပိုးတွေ့ခဲ့သည့် နေအိမ်ရှိမိသား စုဝင်များအား နေအိမ်ပြင်ပသို့ထွက်ခွင့်မပြုရန်ညွှန်ကြားထားပြီး Quarantine စင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကျူးတွင်နေထိုင်သူ ဦးစိုးတင့်ကပြောသည်။