တာချီလိတ်-မယ်ဆိုင် ကုန်သွယ်ရေး covid-19 ကြောင့် နှစ်ဖက် ကန့်သတ်ချက်များ အပြန်အလှန်ပြုလုပ်

ထိုင်းမြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ကုန်သွယ်ရေး covid-19 ကြောင့် နှစ်ဖက် ကန့်သတ်ချက်များ အပြန်အလှန်ပြုလုပ်လိုက်၍ တစ်နေ့ မြန်မာယာဉ် (၆)စီး ထိုင်းယာဉ် (၆)စီးသာ သွားလာခွင့်ပြုပြီး နှစ်ဘက်ယာဉ်မောင်းများလည်း တံတားပေါ်တွင် ပြောင်းလဲမောင်းနှင်ရမှာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ထိုင်းနိုင်ငံဘက်မှ မြန်မာပြည်တွင် covid-19 ပိုမိုကူးစက်မှုများပြားလာခြင်းကြောင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဘက်မှာဝင်ရောက်လာသော ကားငယ်များကို စတင်ဘာလ (၁၆)ရက်နေ့မှစတင်ပြီး ထိုင်းအတွင်းဝင်ရောက်ခွင့်မပြုတော့ပဲ ထိုင်းနိုင်ငံဘက်မှ ယာဉ်မောင်းနှင့် လဲလှယ်မောင်းနှင်ရမှာဖြစ်သောကြောင့် ကားသမားများအတွက် အခက်အခဲတွေဖြစ်လာခဲ့ပြီး ယခင်က တစ်နေ့ကို ကား အစီး (၂၀၀)ကျော် ဖြတ်သန်းသွားလာခဲ့ကာ ယခုအခါ ထိုင်းဘက်မှ ယာဉ်ဖြတ်သန်းခွင့်ပြုသည့် အစီးရေမှာ(၁၆၈)စီးသာ ဖြတ်သန်းခွင့်ပြုပြီး ယာဉ်မောင်းများလဲလှယ်မောင်းနှင်ရမည်ဆိုခြင်းကြောင့် မြန်မာ အာဏာပိုင်များကလည်း ဖြတ်သန်းခွင့်ရှိသော စာရင်းအရ မြန်မာလိုင်စင်နှင့်ကားမှာ (၆)စီးသာပါဝင်ပြီး ထိုင်းလိုင်စင်နှင့် ကားတွေသာအများဆုံးဖြစ်နေသောကြောင့် မြန်မာဘက်မှလည်း စတင်ဘာလ(၁၇)ရက်ကစပြီး (၆)စီးသာ ဝင်ခွင့်လက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းကားသမားတွေလည်း မြန်မာဘက်ဝင်နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး မြန်မာယာဉ်မောင်းများဖြင့် လဲလှယ်မောင်းနှင်ရမှာပါ။ ဒီလိုပြုလုပ်ခဲ့တာကတော့ ထိုင်းဘက်က တစ်ဖက်သက်ပြုလုပ်လာမှုကို တန်ပြန်ပြုလုပ်တာပါလို့ တာချီလိတ်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *