မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နှင့် အိမ်ထောင်စုဇယား အတုလုပ်သည့်ဂိုဏ်းကိုဖမ်းမိ

မှတ်ပုံတင်၊ယာဉ်မောင်းလိုင်စင်နှင့်လူဦးရေသန်ခေါင်စာရင်းအတုလုပ်ဂိုဏ်းကိုဖမ်းမိ
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် မှတ်ပုံတင်ယာဉ်မောင်းလိုင်စင်နှင့်လူဦးရေသန်ခေါင်စာရင်းများဂိုဏ်းဖွဲ့အတု ပြုလုပ်သူများကိုဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသညိ။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနေ အဌားယာဉ်မောင်း ဦးဇော်လေး လွန်ခဲ့သော ၅ လခန့်က ၎င်း၏ကားကို ဌားစီးရာက မှရင်းနှီးခဲ့သူ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်နေ ကိုဂေါ်လီက ၎င်းမှာ (လဝက)၊(ကညန) ဝန်ထမ်းများ နှင့်ရင်းနှီးပြီး၊နိုင်ငံသားစီစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်များအလွယ်တကူပြုလုပ်ပေးနိုင်ကြောင်းတစ်ခုလျှင် ကျပ် ၄ သိန်း ကုန်ကျမည်ဟု ပြောကာနိုင်ငံသားစီစစ်ရေးကတ်ပြား ၂၀ ခန့်ပါသည့် ၎င်း၏ အိတ်ကို ဖွင့်ပြခဲ့သည်။

ထိုသို့ပြောပြသဖြင့်ယုံကြည်ပြီးဦးဇော်လေးက၎င်း၏မိသားစုဝင်များဖြစ်သည့်အစ်ကို ၃ ဦးတို့မှာ မှတ်ပုံတင်မရှိသဖြင့် ၎င်းတို့၏ကိုယ်ရေးအချက်အလက်များ၊ဓါတ်ပုံများ ပေး၍(၃) ဦးအတွက်(၁၂)သိန်းကျပ်ပေးခဲ့သည်။၊နောက်နေ့ရက်တွင် အစ်ကိုဖြစ်ကလည်း ၎င်း၏ မိတ်ဆွေ ၂ ဦးတို့ အတွက် ယာဉ်မောင်းလိုင်စင် (၃)ခုပြုလုပ်ရန်အတွက်ကိုဂေါ်လီကိုငွေ ၁၂ သိန်းကျပ်ထပ်မံပေးချေခဲ့ပြီးကိုဂေါ်လီက ဇွန်လ ၂၄ ရက်နေ့တွင်အား လုံးရမည်ဟုပြောဆိုပြီးနောက် တိမ်းရှောင်နေသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။၊သုဝဏ္ဏနယ်မြေ ရဲစခန်း၏(ပ)၇၁၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အမှုဖွင့် စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့က အမှုဖွင့် တိုင်ကြားခံထားရသူ ဂေါ်လီ နှင့်ပတ်သက်ပြီး စုံစမ်းနေစဉ် နိုင်ငံသားစီစစ်ရေးကတ်ပြုလုပ်ပေးရာတွင် ပွဲစားလုပ်သူ မျိုးဝင်း(ခ) အီဗရာဟင် (ခ)ပြောင်ကြီးကိုစစ်ဆေးခဲ့ရာ ၎င်းထံမှ မျိုးဝင်း အမည်ပါနိုင်ငံသားစီစစ်ရေးကတ်ပြား(အတု)ဟုယူဆရသည့်နိုင်ငံသားကတ်တစ်ခု၊ သတင်းပေးကတ်ပြား တစ်ခု၊ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဂေါလီနှင့်ပတ်သက်၍ မေးမြန်းရာတောင်ဒဂုံမြို့နယ်(၁၀၄)ရပ်ကွက်နေတွင်နေထိုင်ခြင်းမရှိဘဲ ဒဂုံဆိပ်ကမ်းမြို့နယ်၊(၉၁)ရပ်ကွက်၊နိုင်းမြစ်လမ်းတွင်နေထိုင်ကြောင်းသိရသဖြင့် မွန်းတည့် ၁၂ နာရီတွင်ဂေါ်လီ(ခ)စိုးမြင့်(ခ)ဟာရှင်(၅၅)နှစ်ကို ၎င်း၏နေအိမ်မှဖမ်းဆီးခဲ့သည်။၊ဂေါ်လီ(ခ)စိုးမြင့်(ခ)ဟာရှင်ထံမှစိုးမြင့်အမည်ပါ(သတင်းတပ်ဖွဲ့သတင်းပေးကတ်ပြားတစ်ခု၊ဆင်းကတ်မပါ Miအမျိုးအစားအဖြူရောင်ဖုန်းတို့အားတွေ့ရှိ သိမ်းဆည်းခဲ့သည်။

ဂေါ်လီ(ခ)စိုးမြင့်(ခ)ဟာရှင်ကိုစစ်ဆေးချက်အရ ၊သာကေတမြို့နယ်နေ ဂျာမား(ခ)လှမောင်(ခ)မွတ်တား(၅၀)နှစ်ထံမှ နိုင်ငံသားစီစစ်ရေးကတ်များ မှာယူထားကြောင်းသိရှိရပြီး ၎င်းကိုလည်း မွန်းလွဲ ၂ နာရီခွဲအချိန် ဖမ်းဆီးရမိခဲ့သည်။ဂျာမား(ခ)လှမောင်(ခ)မွတ်တားကို စစ်ဆေးချက်အရဗဟန်းမြို့နယ်ပက်စပို့ရုံးအနီး ကိုမိုးဆိုသူထံမှနိုင်ငံသားစီစစ်ရေးကတ်များမှာယူကြောင်းစစ်ဆေးသိရှိရသည်။

ကိုမိုးသည် ညနေ၄နာရီအချိန်၊ဆရာစံမြောက်အရှေ့ရပ်ကွက်စားသောက်ဆိုင်တွင်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ရှာဖွေရာ ကိုမိုးမှာ သန်လျင်သို့ ပြန်သွားပြီ ဖြစ်ပြီး ၎င်းတပည့်ဖြစ်သူ ၊ရန်ကင်းမြို့နယ်နေ သိန်းဟန်(ခ)မိုးကြယ်(၄၅)နှစ်ကို တွေ့ရှိဖမ်းဆီးခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နိုင်ငံသား စီစစ်ရေးကတ်များပြုလုပ်သည့် ပစ္စည်းများမှာဝါဝါဝင်းဆိုင်အပေါ်ထပ်အကြော်ဆရာနေသည့်အခန်းတွင်ကော်ပုံးအနီဖြင့်ထားရှိကြောင်းသိရှိခဲ့ရသည်။ကော်ပုံးအနီအတွင်းမှနိုင်ငံသားစိစစ်ရေးကဒ်ပြားပန်းရောင်အလွတ်(၅၀၀)ကတ်နိုင်ငံသား(ပြု)ကဒ်ပြားအစိမ်းရောင်အလွတ် (၁၄ )ကတ်၊ ဧည့်နိုင်ငံသားစာအုပ် အပြာရောင်စာအုပ်(၂)အုပ်ပြုလုပ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား အမျိုးသားကတ် (၅၂ )ကတ်၊ ပြုလုပ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား အမျိုးသမီးကတ် (၃၇)ကတ်၊Hourse စာတန်းပါအင်းပက်(၂)ခု၊လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှအသားတံဆိပ်နှိပ်စက်အပြာရောင်(၁)ခု၊ မှင်ဘူးအသေး(၄)ဗူး၊Glue Stickကော်ဗူး(၂)ဗူး၊ ပုံစံ (၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း စာရွက်အလွတ်(၂၀၀)ရွက်၊ဓါတ်ပုံမျိုးစုံပါ IPhone စက္ကူဘူး(၁)ဗူး၊ ရောင်စုံဘောပင် (၁၄ )ချောင်း၊အရှင်မွေးလက်မှတ် အလွတ်(၅)ရွက်တို့ကိုသက်သေများရှေ့တွင်သိမ်းဆီးခဲ့သည်။

သုဝဏ္ဏနယ်မြေရဲစခန်းကမူလဖွင့်လှစ်ထားသည့် (ပ)၇၁၂ /၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၄၂၀မှ၄၂၀/၄၆၈အရပြောင်းလဲရေးဖွင့်ကာ ဆက်လက်အရေးယူထားပြီး ကိုမိုး (စုံစမ်းဆဲ) ကို ဖမ်းဆီးစစ်ဆေးနိုင်ရန်ဆက်လက် စုံစမ်းလျက်ရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *