ကောလင်းမြို့တွင်မူးယစ်ဆေးသတင်း ပေးသည်ဟုဆိုကာ ဓားဖြင့်ခုတ်သတ်

ကောလင်းမြို့တွင် မူး ယစ်ဆေးဝါးသတင်းပေးသည်ဟု ဆိုကာ ရန်ငြိုးထားသူက နေအိမ် အတွင်းဝင်ရောက်၍ ဓားဖြင့်ခုတ် သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြော သည်။

အသတ်ခံရသူမှာ ကော လင်းမြို့ရွှေတွင်းကျေးရွာနေအ သက်(၃၃)နှစ်အရွယ် ကိုကျော်မိုး ဖြစ်ပြီး ၎င်းမှာ ရွှေလင်းယုန်မူး/ စိတ်တားဆီးရေးအဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ် ပြန်သည်။ စက်တင်ဘာ ၁၃ ရက် ညနေက ကိုကျော်မိုးသည် ဇနီး ဖြစ်သူဒေါ်နွဲ့နွဲ့စမ်းနှင့်အတူ နေ အိမ်၌ ဖုန်းကြည့်နေစဉ်တစ်ရွာ တည်းနေ အသက်(၃၈)နှစ်အ ရွယ် အောင်တုတ်က ဓားမတစ် ချောင်းကိုင်ဆောင်ကာ ရောက်ရှိ လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့နောက် အောင်တုတ်က ကိုကျော်မိုးကို ဓားဖြင့်ချိန်ရွယ် ကာ ‘‘မင်းလားကွ စာမတတ်ဘူး ပြောတာ’’ ဟုပြောရာ ကိုကျော် မိုးက အိပ်ရာမှထပြီး စကားပြော မည်ပြုစဉ် အောင်တုတ်က ဓား ဖြင့်ခုတ်ခဲ့သည်။

ဒေါ်နွဲ့နွဲ့စမ်းမှာ ခင်ပွန်းဖြစ် သူဓားဖြင့်ခုတ်ခံရသည်ကိုတွေ့၍ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူ အညီတောင်းခံကာ ခင်ပွန်းဖြစ်သူ ၏မိခင်အား သွားရောက်ခေါ် ဆောင်ခဲ့သည်။ ဒေါ်နွဲ့နွဲ့စမ်းတို့ နေအိမ်သို့ ပြန်ရောက်စဉ် အောင် တုတ်ကိုမတွေ့တော့ဘဲ ကိုကျော် မိုးမှာ လည်ပင်းနှင့်ရင်ဘတ်တို့ တွင် ပြတ်ရှဒဏ်ရာများဖြင့် သေ ဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပြစ်မှုကျူးလွန်သူကို ရဲတပ် ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ အ ခင်းဖြစ်ညတွင် ဖမ်းဆီးရမိခဲ့ သည်။ စက်တင်ဘာ ၅ ရက်က မူး ယစ်ဆေးဝါးသတင်းရရှိ၍ ရဲတပ် ဖွဲ့ဝင်များနှင့် ကိုကျော်မိုးတို့က အောင်တုတ်၏နေအိမ်သို့ ဝင် ရောက်ရှာဖွေခဲ့ကြောင်း၊ မူးယစ် ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်း များ မတွေ့ရှိသဖြင့် ကိုကျော်မိုး က သတင်းပေးသည်ဟုဆိုကာ အောင်တုတ်က ရန်ငြိုးထားပြီး ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း စစ် ဆေးပေါ်ပေါက်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူး လွန်သူအမျိုးသားကို ကောလင်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှု ဖွင့်ထားသည်။

သတင်း – သက်အောင် (7 Days News)

Add a Comment

Your email address will not be published. Required fields are marked *