ပုလဲအရန်မီးသတ်မှကူညီပေးလိုက်သော သေဆုံးသူအမျိုးသမီး Covid -19 ရောဂါပိုးတွေ့ရှိသည့်အတွက် တပ့်ဖွဲတစ်ခုလုံးစခန်းတွင် Quarantine ဝင်နေကြရ

ပုလဲအရန်မီးသတ်တပ်ဖွဲ့မှကူညီပေးလိုက်သော သေဆုံးသူ အမျိုးသမီးတစ်ဦးတွင် Covid -19 ရောဂါတွေ့ ရှိသည့်အတွက် တပ်ဖွဲ့တစ်ခုလုံး စခန်းတွင် Quarantine ဝင်နေကြောင်း ပုလဲအရန် မီးသတ်စခန်းမှူး ကိုထင်လင်းအောင်က ပြောသည်။


“ကိုယ့်စခန်းမှာပဲ ကိုယ့်ဟာကိုယ် Quarantine ဝင်နေတယ်။ အကူအညီပေးတာတွေကိုလည်း ၁၄ ရက် ရပ်နားထားပါတယ်။ သွားသယ်တာကတော့ ၆ ယောက်တည်းပါ။ အကုန်လုံးက တပ်ဖွဲ့ဝင်တွေ အတူတူ နေကြတာဆိုတော့ အယောက် ၄၀ လုံး အပြင်မထွက်ခိုင်းတော့ပါဘူး။

တစ်သက်လုံးမှာတော့ ဒီတစ်ခါ တော့ အေးဆေးနားကြည့်တာပေါ့” ဟု ကိုထင်လင်းအောင်က ပြောသည်။
စက်တင်ဘာလ ၁၁ ရက်က မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ကုန်းတလပေါင်းစံပြကျေးရွာ တောင်ပိုင်း၊ မိုးမခလမ်းတွင်နေထိုင်သည့် အဆောင်ပိုင်ရှင်အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ဆက်သွယ်လာသည့် အ တွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကာ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဆေးရုံ၏ ဆေးစစ်ချက်အရ သေဆုံးသူတွင် Covid- 19 Positve တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်ပုလဲအရန်မီးသတ်တပ်ဖွဲ့ အနေဖြင့် ကူညီမှုများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လည်း မေတ္တာရပ်ခံထားသည်။

ကောင်းမြတ်ရာ
ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့

Add a Comment

Your email address will not be published. Required fields are marked *