တာဝန်ထမ်းဆောင်ရင်း တစ်မိသားစုလုံး ပိုးကူးစက်ခံရပြီး ခက်ခဲစွာကျော်ဖြတ်နေတဲ့ ဆရာဝန်မလေးရေးလိုက်တဲ့စာ
|ပြီးခဲ့တဲ့ ၂ ပတ် စနေနေ့က အမေ သလိပ်ကပ်ပါတယ်။ ညနေကျဖျားချင်သလိုလို တိုင်းကြည့်တော့ 99’F ထူးခြားတာကနုံးပြီး အစားမစားနိုင်။ ချောင်းဆိုးကတည်းက အိမ်မှာပိုးတွေပြန့်သွားမယ်မှန်း သိနေခဲ့ပါပြီ။
ဖျားတာ ၄ ရက်မြောက်မှာ နယ်ကိုပြန်သွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ အနံ့မရတော့ပါဘူး။ နယ်ကမြို့နယ်ဆရာဝန်နဲ့ကျွန်မဆက်သွယ် positive ထွက်လောက်တယ်ထင်ထားတော့ ရန်ကုန်ကိုပဲခေါ်ဖို့စီစဉ်ခဲ့ပါတယ်။
မလိုအပ်ဘဲ ဂျာနယ်တွေက interview တွေကို လိုက်ဖြေပြီး ကျွန်မနာမည်မပါရုံတမယ်ဖြစ်ခဲ့ပြီး attention seeking ဖြစ်တဲ့ ကျွန်မအဖေကြောင့်လည်း အတော်လေးစိတ်ရှပ်ခဲ့ရပါတယ်။
အမေဖျားပြီး ၃ ရက်မြောက်နေ့ ကျွန်မချမ်းလာတယ်။ လည်ချောင်းယားတယ်။ ချောင်းဆိုးတယ်။ အနံ့တော့မပျောက်ခဲ့ပါ။ zoom meeting ကို ဆေးရုံကကျွန်မအခန်းထဲတက်တဲ့အချိန် လုံးဝခေါင်းမထူနိုင်တော့ပါ။
နောက်နေ့အမေ့ကို မြောက်ဥက္ကလာဆေးရုံ isolation ward မှာတင်ပြီး swab ယူပါတယ်။ ကျွန်မလည်းယူလိုက်ပါတယ်။ စဖျားကတည်းက အိပ်ယာထဲမှာပါ ကျွန်မ mask တပ်ပါတယ်။ ဒါပေမယ့် ၁ နှစ်သမီးအငယ်မလေးက ၂ ရက် 102’Fလောက်ဖျား၊ ၄ နှစ်သားအကြီးလေးက 99’F လောက်လေးခဏဖြစ်။
swab အဖြေသိရတော့ နောက်နေ့ည ၁၀ နာရီ။ မြောက်ဥက္ကလာဆေးရုံအုပ်ကြီးရော ဆေးရုံအုပ်တွေရော ချစ်ခင်ရတဲ့ကျွန်မရဲ့Professorအစ်မမသင်းရော ဝိုင်းစိတ်ပူကြတာ ကလေးတွေဘယ်လိုထားခဲ့မလဲပါ။
ကလေးထိန်းတွေက ၁၇ နှစ်နဲ့ ၁၉နှစ်။ နောက်ဆုံးဟိုဘက်လမ်းက ယောက္ခမအိမ်ကို ကလေးတွေမနိုးမီ အစောကြီးချီပြီးပို့စေခဲ့ပါတယ်။ ဘယ်နှရက်ခွဲရမလဲတော့မသိဝရန်တာကလှမ်းကြည့်ပြီး မျက်ရည်ထိန်းနိုင်ခဲ့ပါတယ်။
မြောက်ဥက္ကလာဆေးရုံ iso ward ကို ကိုယ့ဖာသာဲပဲ ကားမောင်းသွားခဲ့ပြီး အဲ့ဒီကတဆင့် ambulance နဲ့ ဝေဘာဂီဆေးရုံကိုသွားခဲ့ပါတယ်။ အမေကတော့ညတည်ကးရောက်နှင့်ပါပြီ။ ခဏနေ ကလေးတွေကျန်ခဲ့တဲ့ရပ်ကွက်က ဥက္ကဌဆိုတဲ့အမျိုးသမီးက ဖုန်းဆက်လာပါတယ်။ အစ်မကလေးတွေကို FQ ပို့မှာနော်တဲ့။
အငယ်လေးကနို့မပြတ်သေးတဲ့အပြင် ထမင်းမစားတတ်သေးလို့ သူ့ပေါင်းအိုးနဲ့ပေါင်းကျွေးရတာပါ၊ ယောက္ခမက ခါးရိုးကျိုးထားတော့ ထိုင်တောင်သေချာမထိုင်နိုင်၊ FQ မှာ ဘာတွေဖြစ်ကြမလဲမသိ။
ခင်မင်ရင်းစွဲရှိတဲ့ ရန်ကုန်တိုင်းကျန်းမာက ဆရာဦးနေလင်းကို လှမ်းအကူအညီတောင်းပီး FQmanager ဆရာနဲ့ချိတ်ဆက်ပြီး hotel Q ချိတ်ရပါတယ်။ လူ ၆ ယောက်မို့ ၇၅ သိန်းလေက် ကျမယ်ဆိုပေမယ့် ကလေးတွေက အခန်းပေါင်းနေလို့ရတော့ သိန်း ၂၀ကျော်ပဲကျတော့မယ်ဆိုလို့ တော်သွားပါတယ်။
ဘဏ်ွားလို့မရ ချက်ချင်းကလေးတွေဆီ ပိုက်ဆံသွားပို့ ကူညီပေးတဲ့ သူငယ်ချင်းဇော်မင်းထွန်းကို ကျေးဇူးတင်ပါတယ်။ နောက်ရက် swab ယူတော့ထင်ထားတဲ့အတိုင်း ကလေးတွေနဲ့ကလေးထိန်းတွေပါ positive ထွက်ပါတယ်။ အသက်ကြီးတဲ့ယောက္ခမတွေ negative ဖြစ်လို့တော့ ဝမ်းသာရပါတယ်။
ပူပူပန်ပန်နဲ့ ကလေးတွေတခြားဆေးရုံပါမသွားအောင် စီစဉ်ပေးတဲ့ အစ်မ Prof ဒေါ်သင်းသင်းနွဲ့နဲ့ ဆရာကြီး Profဦးဇော်လင်းအောင်တို့ကို ကျေးဇူးအခါခါတင်ရပါတယ်။ အမေကတော့ ဆေးံရုံတက်ပြီးနောက်ရက် O2 တွေကျလာလို့ ICU ကိုရွှေ့ရပါတယ်။ စိတ်ပူ စိတ်ရှုပ်ရသောနေ့များပါပဲ။
နောက်ဆုံး ငါကုလိုက်လို့သေခါနီးလူနာတွေပြန်ကောင်းသွားခဲ့ဖူးတယ်။ ကောင်းစေချင်တဲ့စိတ် လက်မလျှော့တတ်သောစိတ်နဲ့အမြဲကုခဲ့တယ် ဤမှန်သောသစ္စာစကားကြောင့် အမေပြန်ကောင်းပါစေ သစ္စာဆိုကြည့်တယ်။
စိတ်ပူပြီး ဖုန်းဆက်ကာဖြစ်နိုင်တာတွေပြောပြ မင်းလည်းဂရုစိုက်ဦးဟေ့ရောင်ဆိုပြီး အားပေးတတ်တဲ့ Profဒေါ်စပါယ်ဖြူကလည်း အရမ်းဂရုစိုက်စိတ်ပူပေးပါတယ်။ ဒီနေ့တော့ အမေ အခန်းထဲပြန်ရောက်ပါပြီ။ စိတ်မချသေးပေမယ့် စိတ်ပူတာတော့ အတန်အသင့်လျော့သွားပါပြီ။
အကောင်းဆုံးကိုမျှော်လင့်ပြီး ရှင်သန်နေပါတယ်။ ကျေးဇူးတင်ရမယ့်မိတ်ဆွေ သူငယ်ချင်းတွေများလွန်းလို့ သပ်သပ်ထပ်ရေးပါမယ်။ အားလုံး ဂရုစိုက်ကြပါရှင်