ပဲခူးပြည်သူ့ဆေးရုံသို့ လက်မောင်းဒဏ်ရာဖြင့် သွေးထွက်လွန်းကာရောက်လာသည့် အမျိုးသားတွင် covid-19 ပိုးတွေ့၍ ဆေးရုံဝန်ထမ်းများ Q ဝင်နေရ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာ လ (၁၄)ရက်

ပဲခူးပြည်သူ့ဆေးရုံကြီးသို့(၁၁-၉-၂၀၂၀)ရက်နေ့၊ ည(၂၃-၁၀)နာရီအချိန်တွင် လက်မောင်းတွင် ရရှိသောဒဏ်ရာကြောင့် အသက် ၃၄-နှစ်အရွယ် အမျိုးသား တစ်ဉီး သွေးထွက်လွန်၍ ရောက်ရှိလာပါသည်။ အရေးပေါ်ဌာနတွင် ခရီးသွားရာဇဝင်မေးသော်လည်း လူနာရှင်များက မပြောကြားဘဲ ပုံမှန်ထိခိုက်မှုသာဖြစ်သည်ဟုဖြေကြားခဲ့ပြီး အရိုးကုသဆောင်တွင် ရောက်ရှိချိန်တွင်မှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ပြန်လာသူဖြစ်ကြောင်း သိရှိရသဖြင့် သီးခြားခွဲထား၍ Swab ယူ စစ်ဆေးခဲ့ရာ(၁၃-၉-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် COVID19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိရခြင်းဖြစ်ပါသည်။

၄င်းနှင့်ထိတွေ့ခဲ့သူ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်း စုစုပေါင်း ၂၃-ဉီး(စိစစ်ဆဲ)အား FQ ထားရှိ၍ (၁၄-၉-၂၀၂၀)ရက်နေ့တွင် Swab နမူနာယူ စစ်ဆေးသွားမည်ဖြစ်ပါသည်၊ ၎င်း၏ လူနာစောင့်အား ပဲခူး တက္ကသိုလ် တွင် FQ ထား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄င်းသည် သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟု သိရှိရပြီး အခြား Contact များကိုလည်း ရှာဖွေ၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

@ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန

Tags:

Add a Comment

Your email address will not be published. Required fields are marked *