ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ပြောင်းလဲရမည့် ညွှန်ကြားချက်ကြောင့် ရမည်းသင်းတွင် ကုန်တင်ယာဉ် ၇၀၀ ခန့် ပိတ်မိနေ

မန္တလေးတိုင်းသို့ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ  ဝင်ရောက်လာသည့် ကုန်တင် ယာဉ်များကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပြောင်းလဲ မောင်းနှင်ရမည့် ညွှန်ကြားချက် ကြောင့် ရမည်းသင်းမြို့တွင် စက် တင်ဘာ ၁၂ ရက်က ကုန်တင် ယာဉ် အစီးရေ ၇၀၀ ခန့် ပိတ်မိနေ ကြောင်း မန္တလေးတိုင်းကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးကျော်သူရကပြော သည်။

မန္တလေးတိုင်းတွင် ကုန်တင် ယာဉ်များမှတစ်ဆင့် COVID-19 ရောဂါကူးစက်မှုမရှိစေရန် ရခိုင် ပြည်နယ်နှင့် ရန်ကုန်တိုင်းမှ မန္တလေးတိုင်းသို့ လာသည့်ကုန် တင်ယာဉ်များအနေဖြင့် ရမည်း သင်းမြို့စစ်ဆေး ရေးဂိတ်တွင်  ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များလဲလှယ်မောင်းနှင်ရန် တိုင်း အစိုးရက စက်တင်ဘာ ၁၁ ရက် စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် ထားသည်။

‘‘ဒီနေ့ (စက်တင်ဘာ ၁၂ ရက်) မနက်ပိုင်းကကားတွေက တော့ လွတ်သွားသေးတယ်။ ၁၁ နာရီလောက် အမိန့်ညွှန်ကြားချက် ထွက်လာတယ်။ အဲဒီနောက်ပိုင်း ရောက်လာတဲ့ကား ၇၀၀ ဝန်း ကျင် ခန့်မှန်းခြေလောက်ပိတ်မိနေ တယ်လို့ မြေပြင်ကကားသမား တွေဆီကသိရတယ်’’ဟု ဦးကျော် သူရက စက်တင်ဘာ ၁၂ရက် ညနေ ၆နာရီခန့်တွင် ပြောသည်။

ပိတ်မိနေသော ကားများအ နက်မှ မန္တလေးတိုင်းကို ဖြတ်ကာ  အခြားသော တိုင်းနှင့်ပြည်နယ် များသို့ သွားရောက်မည့်ကားများ ကို စိစစ်ကာ စေလွှတ်နေသည်ဟု  သိရှိရကြောင်း ၎င်းက ဆက်လက်  ပြောသည်။

ယခု ပိတ်မိနေသည့်ကား များမှာ ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက် ပြောင်းလဲရမည့် စနစ်မရှိသေးဟုဆိုကာ ရန်ကုန်မှ ထွက်လာသည့် ကားများဖြစ် ကြောင်း ဦးကျော်သူရကပြော သည်။

‘‘ဒီတစ်ခေါက်ကတော့လွတ် မလားဆိုပြီး အမြန်တက်လာတဲ့ ကားတွေပေါ့။ ခု ကားသမားတွေ ပြောင်းရမယ်ဆိုတော့ ဒီတစ် ခေါက်တော့ ကိုယ့်ကားပြန်ရ အောင် ကားသမားလွှတ်ပေးရမှာ ပေါ့’’ဟု ဦးကျော်သူရကပြော သည်။

လက်ရှိ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအရ ကုန်စည် စီးဆင်းမှုတွင် အခက်အခဲရှိပြီး ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ် ပေါ်နိုင်ကြောင်း ကုန်တင်ယာဉ် လုပ်ငန်းရှင်များက သုံးသပ်သည်။

‘‘ကုန်စည်ဈေးနှုန်းက ပို့ ဆောင်ရေးအခက်အခဲရှိရင်တက် တတ်တယ်။ ဘာကြောင့်လဲဆို တော့ ဒီလို အခက်အခဲတွေကြောင့်  သွားလာတဲ့ယာဉ်က နည်းသွား တယ်။ ကားအရေအတွက်ရှားပါး သွားရင် ကုန်သည်က သူ့ကုန်တင် ဖို့ ပိုက်ဆံပိုပေးပြီးတင်လာတယ်’’ ဟု ကုန်တင်ယာဉ်လုပ်ငန်းရှင်တစ် ဦးကဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းမှ ကုန်ပစ္စည်းများ သယ်ဆောင်ပြီး မန္တလေးတိုင်းသို့  အမြန်လမ်းမှမောင်းနှင်လာသော  ခရီးသည်တင်ယာဉ်များအနေဖြင့် မိတ္ထီလာမြို့နယ်အမြန် လမ်းသီး ကုန်းစစ်ဆေးရေးဂိတ်တွင် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်မောင်းနှင်ရန် ညွှန်ကြား ထားသည်။

တိုင်းနှင့်ပြည် နယ်အစိုးရ များက ကုန်ပစ္စည်းအမျိုးအစားအ ပေါ်မူတည်ပြီး ကုန်တင်ယာဉ်များ  ဝင်ရောက်ခြင်းကို ကန့်သတ်မှု များမပြုလုပ်ရန် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော် မတီက စက်တင်ဘာ ၁၀ ရက် တွင် အကြောင်းကြားစာထုတ်ပြန် ထားသည်။

သတင်း – ထက်ဦးသာ 7 days News

Add a Comment

Your email address will not be published. Required fields are marked *