fbpx

လားရှိုးမြို့တွင် သေနတ်ဖြင့်ပစ်ခတ်ခံမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရိူးမြို့၊ ၇ ရပ်ကွက် နယ်မြေ ၅ အောင်သပြေလမ်းနဲ့ ရွှေညောင်ပင်လမ်းထောင့်ရှိ အမှတ်-၇ နေအိမ်မှာ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီခွဲလောက်က သေနတ်နဲ့ အပစ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရသူမှာ အသက် ၆၄ နှစ်အရွယ် ဦးလွေကြူး ဆိုသူ ဖြစ်ပါတယ်။

ဦးလွေကြူးနဲ့ ဇနီးဖြစ်သူတို့ဟာ နေအိမ်ရှေ့ရှိဆိုင်းအတွင်း ထမင်းစားနေချိန်မှာ crown ယာဉ်အဖြူရောင်တစီး ရောက်လာပြီး သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

သေနတ်ဒဏ်ရာတွေကြောင့် ဦးလွေကြူးဟာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လားရှိုးမြို့မရဲစခန်းက တရားခံ ဖမ်းဆီးမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နန်းစံပယ်(DVB TV News)

Add a Comment

Your email address will not be published. Required fields are marked *