မကွေးမြို့နှင့်ပခုက္ကူမြို့နယ်တို့၌ ဖွင့်လှစ် ထားသည့် KTV နှင့် အနှိပ်ခန်း ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ကျား/မ စုစုပေါင်း (၁၃)ဦး ဖမ်းမိ

စက်တင်ဘာ – ၆

ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာ
ဥတ္တရဟိုတယ်တွင် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသဖြင့်
ပခုက္ကူမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်
အတူ ဝင်ရောက်စစ်ဆေးခဲ့ပြီး အနှိပ်ခန်း လုပ်ငန်း
လုပ်ကိုင်လျက် တွေ့ရှိရသည့် ရဲရန်အောင်ပါ အမျိုးသား
(၄) ဦးအမျိုးသမီး (၃) ဦးတို့အား ဖမ်းဆီးနိုင်ခဲ့သည်။

အလားတူ ည (၁၀) နာရီခန့်တွင် မကွေးမြို့နယ်
အောင်မေတ္တာ (ခ) ရပ်ကွက်၊ (၁၄) လမ်းရှိ
မကွေးမင်းသမီး KTV ဆိုင်တွင် ညွှန်ကြားချက်အား
မလိုက်နာဘဲ KTV လုပ်ငန်း လုပ်ကိုင်နေသဖြင့်
မကွေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်
အတူ ဝင်ရောက်စစ်ဆေးခဲ့ရာ KTV လုပ်ငန်း လုပ်ငန်း
လုပ်ကိုင်နေသည့် ဒေါ်အေးချမ်းမိုး (ခ) ဒေါ်ဝင်းသိင်္ဂီပါ
အမျိုးသား (၁) ဦး၊ အမျိုးသမီး (၅)ဦးတို့အား၎င်း
ဥပဒေနှင့်အညီ ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်
ဆိုင်ရာစီမံခွဲမှု ဥပဒေဖြင့် အရေးယူမည်ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *