သီတဂူ ဆရာတော်ဘုရားကြီးတွေ covid-19 ကူးစက်ဆိုသည့် သတင်းအမှားများပြန့်နေ


အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေးပေးတာပါ။ ပရိတ်ရွတ်ပေးတာပါ။

ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက်ဖွနေတာ တွေ့ဖူးပါတယ်။

မဟုတ်မမှန် သတင်းဖြန့်တဲ့ ဒကာ တာဝန်ယူပါလို့ သီတဂူစတား page မှာ တင်ထားပါတယ်။

https://www.facebook.com/thitagustar

သီတဂူဆရာတော်ကြီး အသက် ၈၄ နှစ်ဆိုပေမဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေတာ။

ပြန်ကြားရေးတာဝန်ခံ ဒေါက်တာခင်မောင်ထွန်း ဆိုတာလဲ သီတဂူမှာ မရှိပါဘူး။

ဒီဒကာက ဒီလိုသတင်းတင်တာ ဘာရည်ရွယ်ချက်လဲတော့ မသိဘူးလို့လဲဆိုထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *