ဒေါပုံမြို့နယ်မှ COVID-19 အတည်ပြုလူနာနှစ်ဦးသည် အိမ်နီးနားချင်းများဖြစ်ဟုဆို

၂၀၂၀၊ စက်တင်ဘာ ၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ၂ရက်၊ နံနက်ပိုင်းထုတ်ပြန်ချက်အရ ဒေါပုံမြို့နယ်၊နွယ် အေးရပ်ကွက်မှ COVID-19အတည်ပြုလူနာအမှတ်-၉၂၀နှင့် အတည်ပြုလူနာအမှတ်-၉၂၁တို့သည် အိမ်နီးနား ချင်းနေထိုင်သူများဖြစ်ပြီး ယင်းတို့အနက်တစ်ဦးမှာ ဩဂုတ်လအတွင်း ပြည်တွင်းခရီးသွားလာမှုရှိခဲ့ကြောင်း ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

COVID-19 အတည်ပြုလူနာအမှတ်-၉၂၀ သည် အသက် (၃၄)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အတည်ပြု လူနာအမှတ်- ၉၂၁သည် အသက်(၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း၊၎င်းတို့သည်အခြားCOVID-19 အတည်ပြုလူနာများနှင့်ထိတွေ့မှုမရှိခဲ့သလို ပြည်ပခရီးသွားလာမှုရာဇဝင်လည်း မရှိကြောင်း သိရသည်။

“Case-920 တစ်ယောက်ကတော့ ခရီးသွားထားတယ်။ သူက ဇူလိုင် ၃၁ရက်က သူ့အဖေရဲ့နာရေးဖျာပုံကို သွား ထားတယ်ဗျ။ ဩဂုတ် ၁၃ရက်မှာ စစ်ကိုင်းတိုင်း၊ဒီပဲယင်းကို သွားထားတယ်။ သူကတော့ ကင်မရာမန်းလို့ သိ ထားတယ်၊ရိုက်ကူး‌ရေးတွေလုပ်တယ်ပေါ့။ လူနာတွေက ဘယ်တော့မှအမှန်မပြောဘူးဗျ။ သူက အစက အနံ့မရ ဘူးပြောတယ်။
ကျွန်တော်တို့ကိုပြောတဲ့အခါကျတော့ အနံ့ရော၊အရသာရောမရဘူးပြောတယ်။ ဒါပေမယ့် ဆေးရုံ တွေ၊ဆေးခန်းတွေသွားပြတဲ့အခါကြတော့ အနံ့မရဘူး၊နှာစီးတယ်ပဲပြောတယ်။ သူ့ဆီကSwabယူပြီးစစ်လိုက် တော့မှ ဒီ‌ရောဂါကိုတွေ့တာ။ သူက သဇင်နွယ်လမ်းကဘုန်းကြီးကျောင်းမှာနေတာ”ဟု ဒေါပုံမြို့နယ်အုပ်ချုပ်‌ရေး မှူး ဦးကျော်သက်ထူးက ပြောသည်။

“Case-921 ကကျတော့ ခရီးသွားထားတာမရှိဘူး၊ အိမ်မှာနေတာ တခြားဘာရာဇဝင်မှလဲမရှိဘူး။ ဒါပေမယ့် သူ့အိမ်က Case-920ရဲ့ဘုန်းကြီးကျောင်းနဲ့မျက်နှာချင်းဆိုင်အိမ်၊ သဇင်နွယ်လမ်းနဲ့စကားဝါလမ်းထောင့်။ သူ့ဆီ ကကူးလား၊ဘယ်လိုကူးလဲဆိုတာ မပြောတက်ဘူး။ သူတို့နဲ့အတူနေသူတွေအားလုံးကို Quarantine စင်တာပို့ဖို့ ကျန်းမာရေးနဲ့ချိတ်ဆက်ထားပြီးပြီ”ဟု ဦးကျော်သက်ထူးက ဆက်လက်ပြောကြားသည်။

အဆိုပါအတည်ပြုလူနာနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ဖောင်ကြီးရှိ COVID-19 ကုသရေးဌာနတွင် ကုသပေး မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး COVID-19အတည်ပြုလူနာအမှတ်-၉၂၀ နေထိုင်သော ဘုန်းကြီးကျောင်းရှိ ဘုန်းကြီး ၃ပါးနှင့် ကပ္ပိယ ၂ဦးတို့အပါအဝင် COVID-19အတည်ပြုလူနာအမှတ်-၉၂၁၏ အတူနေမိသားစုဝင် ၂ဦးတို့ကို စက်တင် ဘာ ၂ ရက်နံနက်တွင် Quarantine စင်တာသို့ပို့ဆောင်ခဲ့ပြီး သဇင်နွယ်လမ်းနှင့် စကားဝါလမ်းတို့ကိုလည်း Lock Down ချထားကြောင်း သိရသည်။

သီရိနေနွယ်(Vidya)
Photo – UKTH

Tags:

Add a Comment

Your email address will not be published. Required fields are marked *