ယာဉ်မောင်းအိပ်ငိုက်ပြီး စားအုံးဆီများတင် ဆောင်လာသည့် ၁၂ ဘီးယာဉ် ရေမြောင်းထဲ ထိုးကျတိမ်းမှောက်

ရေတာရှည် စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြောက် အထွက် ညောင်ပင်သာကျေးရွာအနီး ရန်ကုန် -မန္တလေး ကားလမ်းတွင် စက်တင်ဘာ ၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ယာဉ်မောင်းအိပ်ငိုက် ၍ စားအုံးဆီမျာတင်ဆောင်လာသည့် ၁၂ ဘီးကုန် တင်ယာဉ်တစ်စီး ကားလမ်းအရှေ့ဘက် ရေမြောင်း အတွင်းသို့ထိုးကျတိမ်းမှောက်သွားခဲ့ ကြောင်းသိရသည်။

ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ရဲမင်း ထွေး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန် မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ အောင်သူ ၄၃ နှစ်၊ နောင်အိမ်ရွာ၊ အေးသာယာမြို့ သစ်၊ တောင်ကြီးမြို့နေသူမောင်းနှင်လာသော MDY-5H/——– NISSAN ၁၂ ဘီးယာဉ်သည် ရန်ကုန် မှ တောင်ကြီးသို့ စားအုံးဆီ ၉၃၀ ပုံးတင် ဆောင်၍ မောင်းနှင်လာစဉ် မိုင်တိုင် ၁၇၇/၅ နှင့် ၆ အကြားအခင်းဖြစ်နေရာအရောက် ယာဉ်မောင်း အိပ်ငိုက်ကာ ရေအပြည့်စီးနေသော မြောင်း အတွင်းထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ် ကြောင်းသိရသဖြင့် ရေတာရှည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင် ဆွာ

Add a Comment

Your email address will not be published. Required fields are marked *