ဧရာဝတီတိုင်းထဲမှာမိတဲ့ ဘင်္ဂါလီတွေထဲက တစ်ဦးထံမှာ ကိုဗစ်ရောဂါ စတွေ့

၂ ၊စက်တင်ဘာ ၊ ၂၀၂၀

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ် ထဲ ရောက်နေတဲ့ ဘင်္ဂါလီလူမျိုး (၄၂)ယောက်ထဲကတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတယ်လို့ ကြံခင်းမြို့နယ် ကွာရန်တင်းတာ၀န်ခံ ဦးကျော်ကျော်ဆန်းကအတည်ပြုပြောကြားပါတယ်။

ဒုက္ခသည်စခန်းက ထွက်​ပြေးလာခဲ့ပြီးဘိုကလေးမြစ်၀မှာ( ၂၇)ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီလူမျိုး (၄၂)ဦးကို တိုင်းအစိုးရအစီအစဥ်နဲ့ ​ကြံခင်းမြို့နယ် ၊ ဘက်ရဲဂိတ်အနီး က ရေနံချက်ဖိုဟောင်း၀န်းထဲမှာခေါ်ဆောင်ထားရှိခဲ့တာဖြစ်ပြီး သြဂုတ်လ၃၀ရက်နေ့က ဓါတ်ခွဲနမူနာရယူခဲ့ရာမှာ အသက်၂၁နှစ်အရွယ်အမျိုးသားမှာCOVID-19ရောဂါပိုးတွေ့ရှိခဲ့တာလို့သိရပါတယ်။

“သူ့ကို ည၁၂နာရီခွဲက ရန်ကုန်ဝေဘာဂီဆေးရုံကို တိုင်းကျန်းမာအစီစဥ်နဲ့ပိုဆောင်လိုက်ပါပြီ”လို့ ကြံခင်းမြို့နယ် ကွာရန်တင်းတာ၀န်ခံ ဦးကျော်ကျော်ဆန်းကပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မီးနစ် ဝန်းကျင် ကဘိုကလေးမြစ်တွင်းမှာစက်လှေတစ်စီးမှာဘင်္ဂဂါလီလူမျိုးအမျိုးသား ၁၁ ဦး အမျိုးသ မီး ၂၉ ဦး ကလေး ကျား ၁ ဦး မ ၁ ဦးကိုသတင်းအရဖမ်းဆီးခဲ့တာဖြစ်ပီး အဲ့ထဲက အမျိုးသားတစ်ဦးမှာ COVID-19 ရောပိုးတွေ့ရှိခဲ့တာဖြစ်ပါတယိ။

@Delta News Agency

Tags:

Add a Comment

Your email address will not be published. Required fields are marked *