အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို အဓမ္မ ၂ကြိမ်ပြုကျင့်မှုဖြစ်ပွား


နေပြည်တော်၊ဩဂုတ် ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)
ပဲခူးတိုင်‌း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကို အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး မနေ့ ဩဂုတ်လ၂၉ ရက်နေ့မှာ လာရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။
” သားက မွေးတဲ့ မြေးမလေးပါ။ တစ်ရွာတည်း အတူနေပေမယ့် တစ်အိမ်ထဲအတူမနေကြပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က တစ်ကြိမ်၊ အခုလ ၁၈ ရက်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်ကျုးလွန်ခဲ့ပြီး၊ ကျုးလွန်ချိန် မြင်သူတစ်ဦးက‌ အသိလာပေးတောမှ သိခဲ့ရတာပါ” လို့ ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။
ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အ
မျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိ‌နေချိန် ၁၀
နှစ်အရွယ်ရှိ သမီးဖြစ်သူကို တစ်ရွာတည်းနေ ယောက္ခမ ဦးနီ (၈၁ နှစ်)ဆိုသူက ဗောဓိကုန်းဘုန်းကြီးကျောင်းကို ဥပုတ်စောင့်သွားချိန် အဖော်အဖြစ်ထည့်ပေးဖို့ ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်းမှာတော့ ရွာထဲကအမျိုးသားတစ်ဦးဟာ နေအိမ်ကိုလာ‌ပြီး အဲ့ဒီအမျိုးသမီးရဲ့ သမီးကို ဦးနီက သားမယားပြုကျင့်နေတာမြင်တွေ့ကြောင်း
အသိပေးတဲ့အတွက် သမီးကိုခေါ်ယူမေးမြန်းတဲ့အခါ ဇူလိုင်လအတွင်းမှာ တစ်ကြိမ်၊
အခုလ ၁၈ ရက်‌နေ့က တစ်ကြိမ်၊ နှစ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ကျောက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။
အမှုနဲ့ပတ်သက်လို့ ကျောက်ကြီးမြို့မရဲစခန်းက ဦးနီ အသက်(၈၀)ကို (ပ) ၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published.