ဆင်ကောင်ရေ ၅၀၀ကျော်သတ်ဖြတ်ခဲ့ကာ ဆင်စွယ်မှောင်ခိုရောင်းခဲ့သူကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် ၃ဝချမှတ်

ကွန်ဂိုနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှုဖြိုခွင်းရေးအတွက် ဆင်အကောင်ရေ ၅၀၀ကျော်ကိုသတ်ဖြတ်ပြီး ဆင်စွယ်မှောင်ခိုရောင်းခဲ့သူ မိုဘန်ဇာမိုဘမ်ဘိုဂါရာကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၃ဝချမှတ်လိုက်တယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကိုသတ်ဖြတ်ပြီး ဆင်စွယ်တရားမဝင်မှောင်ခိုရောင်းဝယ်မှုအကြီးအကျယ်လုပ်ဆောင်ခဲ့သူကို ကွန်ဂိုနိုင်ငံမှာ အဦးဆုံးထိထိရောက်ရောက်အရေးယူခဲ့တာလည်းဖြစ်ပါတယ်။

ဂူဗန်ဟိုလို့လည်းလူသိများတဲ့ မိုဘန်ဇာက ၁၂နှစ်တာအတွင်း ဆင်ကေင်ရေ ၅၀၀ကျော်ကို သတ်ဖြတ်ကာ ဆင်စွယ်တွေခိုးယူခဲ့တဲ့အပြင် တောထိန်းအရာရှိတစ်ဦးကိုလည်း သတ်ဖြတ်ဖို့ကြိုးပမ်းခဲ့ဖူးသူလည်းဖြစ်တယ်လို့ ကွန်ဂိုတရားရုံးက ဆိုပါတယ်။

အခုလိုပြစ်မှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးယူပေးတာကြောင့် တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ခံရမှုတွေ လျော့နည်းသွားစေပြီး တောရိုင်းထိန်းသိမ်းစောင့်ရှောက်မှုကြိုးပမ်းနေသူတွေအတွက် အားတက်စရာဖြစ်စေခဲ့ပါတယ်။

မိုဘန်ဇာဦးဆောင်တဲ့ တောရိုင်းသတ်ဖြတ်သူတွေက ၂၀၀၈ခုနှစ်ကတည်းက အာဖရိကဆင်တွေကို သတ်ဖြတ်လာခဲ့ကြတာဖြစ်ပြီး ၎င်းတို့လက်ချက်နဲ့ဆင်ကောင်ရေ ၅၀၀ကျော် ဆုံးရှုံးခဲ့ရတာလို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ WCSက ဆိုပါတယ်။

မိုဘန်ဇာကိုစီရင်မှုက တောရိုင်းတိရစ္ဆာန်မှောင်ခိုမှုအတွက် ကွန်ဂိုနိုင်ငံမှာပထမဦးဆုံးအကြိမ် ရာဇဝတ်မှုပြစ်ဒဏ်နဲ့စီရင်ချက်ချမှုလည်းဖြစ်တယ်လို့ သိရပါတယ်။Crd

Add a Comment

Your email address will not be published. Required fields are marked *