ငယ်ကျွမ်းဆွေ သီချင်းကို မြန်မာသံစဉ်ရောခေတ်သံစဉ်ပုံစံနဲ့ပါ သီဆိုပြပြီး ဒိုင်(၄)ဦးရဲ့ ရွေးချယ်မှုကိုရရှိလိုက်တဲ့ ခင်ရတနာစိုး


The Voice Myanmar Season(3)ပြိုင်ပွဲကြီးရဲ့ ထုတ်လွှင့်ပြသမှုရဲ့ ဒုတိယအပတ်ထုတ်လွှင့်မှုမှာတော့ ပရိသတ်တွေရင်နှီးပြီးသား ပြိုင်ပွဲဖြစ်တဲ့ ခင်ရတနာစိုး ကဝင်ရောက်ယှဉ်ပြီုင်ခဲ့ပါတယ်။ ခင်ရတနာစိုးကတော့ အသက်အရွယ်ငယ်သေးပေမယ့် မြန်မာသံရောခေတ်ပေါ်သံစဉ်တွေကို ပိုင်နိုင်သီဆိုမှုတွေကြောင့် မြန်မာအိုင်ဒေါပြိုင်ပွဲကြီးထဲက ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။


ခင်ရတနာစိုးကတော့ ပဲခူးတိုင်ဒေသကြီးဒိုက်ဦးမြို့ကလာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး သူဟာ The Voice Myanmar Season(3) ရဲ့ Blind Auditionမှာ ငယ်ကျွမ်းဆွေ သီချင်းကို မြန်မာသံစဉ်ရောခေတ်သံစဉ်ပုံစံနဲ့ပါ သီဆိုကာ ဒိုင်(၄)ဦးလုံးရဲ့ရွေးချယ်မှုကိုခံခဲ့ရပါတယ်။ သူကတော့ ငယ်ကျွမ်းဆွေသီချင်းနဲ့ ယှဉ်ပြိုင်ရတဲ့ရည်ရွယ်ချက်ကတော့ The Voice Myanmar စင်ပေါ်မှာ မြန်မာသံစဉ်ရောခေတ်သံစဉ်ပါသီဆိုတတ်ကြောင်းပြသချင်တာကြောင့်လို့ပြောပြခဲ့ကာ သူကိုသင်ပြခဲ့သူကတော့ မိခင်ကိုယ်တိုင်ဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ်။
ဒိုင်တွေရဲ့ တောင်းဆိုမှုကြောင့် ခင်ရတစိုးရဲ့လက်ဦးဆရာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကို ငယ်ကျွမ်းဆွေ သီချင်းသီဆိုပြခိုင်းကာတာကြောင့် ခင်ရတနာစိုးရဲ့မိခင်သီဆိုပြလိုက်ချိန်မှာတော့ ဒိုင်တွေကိုယ်တိုင်လေးစားတဲ့အထိပါပဲ။ပရိသတ်ကြီးရေ ငယ်ကျွမ်းဆွေ သီချင်းကို မြန်မာသံစဉ်ရောခေတ်သံစဉ်ပုံစံနဲ့ပါ သီဆိုပြပြီး ဒိုင်(၄)ဦးရဲ့ ရွေးချယ်မှုကိုရရှိလိုက်တဲ့ ခင်ရတနာစိုး ယှဉ်ပြိုင်မှု ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: The Voice Myanmar

Add a Comment

Your email address will not be published. Required fields are marked *