ရန်ကုန်မြို့တွင်း ဘားလမ်းရှိတိုက်တစ်ခုတွင် အပုတ်နံ့ထွက်လာ၍သက်ဆိုင်ရာကို အကြောင်းကြားပြီးကြည့်ရှုစဉ်အသက်၈၀ခန့် အရွယ် အဘွားတစ်ဦးကိုသေဆုံးလျက်တွေ့

ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)အပေါ်ဘလောက်၊ တိုက်အမှတ်(…..) ပထမထပ်တွင် ယနေ့ သြဂုတ်လ ၂၈ ရက်ညနေ ၄ နာရီခန့်အချိန်က အပုတ်နံ့ထွက်လာသည့်အတွက် သက်ဆိုင်ရာ ကိုအကြောင်းကြားပြီးကြည့်ရှုစဉ် တစ်ဦးတည်းနေထိုင်သူ အသက် ၈၀ ခန့် အရွယ် အဘွားတစ်ဦးသေ ဆုံးနေသည်ကို တွေ့ရကြောင်း ကျောက်တံတားမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြည်မြန်မာကိုပြော သည်။

“အဘွားနာမည်က ဒေါ်အေမီ တဲ့ ၊သူကတစ်ယောက်တည်းနေတာ၊မတွေ့တာ ၅ ရက်လောက်ကြာပြီ ဖြစ်လို့ အဲဒီအခန်းနားမှာလည်း အနံ့ ထွက်လာလို့ ပတ်ဝန်းကျင်က အကြောင်းကြားလို့ အခုလို တွေ့ရ တာ ဖြစ်ပါတယ်။ ဘိုကလေးပရဟိတအဖွဲ့က အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်”ဟု ယင်းက ပြောသည်။

Crd

Add a Comment

Your email address will not be published. Required fields are marked *