အမေရိကန်ရှိ တရုတ်နိုင်ငံသားများကို ပြန်လာအောင်ပြုလုပ်သည့် Fox Hunt Operation အကြောင်း
|
Fox Hunt Operation…
—————— <®> ——————
ဇူလိုင်လမှာ အမေရိကန်မှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေကို
တရုတ်ပြည်မကြီးဆီ ပြန်လာစေဖို့ တရုတ်ထောက်လှမ်းရေးတွေ
ကနေ အတင်းအကျပ်ပြုလုပ်တဲ့ Fox Hunt Operation အကြောင်း
ကို FBI ဒါရိုက်တာ Wray က ဖွင့်ချလိုက်ပါတယ်… အမေရိကန်ရဲ့
နည်းပညာ၊ သတင်းလုံခြုံမှု၊ စီးပွားရေးအရေပါမှုတွေကို တရုတ်က
အတော်ကြာခြိမ်းခြောက်နေမှုကို ဆွေးနွေးရင်းကနေ Wray ထုတ်ဖော်
ပြောကြားလိုက်တယ်…
– ပြန်လာမလား
– သတ်သေမလား
တရုတ်ထောက်လှမ်းရေးသမားတွေက ပစ်မှတ်ထားတဲ့ တရုတ်နိုင်ငံသား
တွေကို အပေါ်က messages လှမ်းပေးလေ့ရှိတယ်… ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်ကပြည်ပကို ထွက်ပြေးသူတွေထဲမှာ လာဘ်စားသူ၊ ခြစားသူ
အရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်ဖမ်းဆီးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့
ဖုံးကွယ်ထားတယ်… လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်က တရုတ်သမ္မတရှီကျင့်ဖျင်ဟာ
သည် Fox hunt operation ကို စလုပ်ခဲ့ပြီး သူ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေ
အောင်မြင်ကြောင်း ဂုဏ်ယူပြောဆိုလေ့ရှိတယ်…
ဒါပေမယ့် နောက်ကွယ်ရည်ရွယ်ချက်က တရုတ်ကွန်မြူနစ်ပါတီ CCPအစိုးရနဲ့
သဘောထားကွဲလွဲသူ၊ ဆန့်ကျင်သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်
တွေကို လာဘ်စားသူ၊ ခြစားသူတရုတ်တွေနဲ့ ရောထည့်ပြီး ဖိအားပေးဖို့၊ ရှင်း
ပစ်ဖို့ လုပ်တာလို့ Wray က ဆိုထားတယ်… တရုတ်ဟာ Fox Hunt ကို နိုင်ငံ
တကာအဂတိလိုက်စားမှုတိုက်ဖျက်ရေး အသွင်ဆောင်ထားပေမယ့် တရုတ်
ကို အာခံမယ့်၊ ဖော်ကောင်လုပ်မယ့်သူတွေကို ပစ်မှတ်ထားပြီး ပြည်ပရောက်
တရုတ်တွေကို တံမြက်လှဲပြီး အပျောက်ရိုက်တဲ့ စစ်ဆင်ရေးဆိုတာပဲ…
တရုတ်အစိုးရ CCPကို ဆန့်ကျင်သူတွေ၊ နိုင်ငံရေးရန်ဘက်တွေကို အမေရိ
ကန်နိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူနေထိုင်သူတွေ၊ Green Cardရသူတွေ
ပါနေပြီး တရုတ်အစိုးရက ပြန်လာဖို့ ဖိအားပေးတယ်… ပစ်မှတ်ထားသူကို
မရှာနိုင်တော့ဘူးဆိုရင် ပစ်မှတ်ရဲ့ မိသားစုတွေဆီကို ကိုယ်စားလှယ်ဆက်သား
စေလွှတ်ပြီး သတင်းပေးတယ်…တရုတ်ပြည်ကို ချက်ချင်းပြန်လာမလား၊
သက်သေမလား ဆိုတဲ့သတင်းပါ… သူတို့လုပ်ပုံကိုင်ပုံက ဆိုးဝါးလှတယ်…
Fox Hunt ဆိုတာ အင်္ဂလန်မှာ မြေခွေးတွေကို အနံ့ခံခွေးတွေရယ်၊ အမဲလိုက်
foxhounds တွေနဲ့ လိုက်ဖမ်းတဲ့ အမဲလိုက်ခြင်း အလေ့အထတစ်ခုပါ… Red
Foxလို့ခေါ်တဲ့ မြေခွေးအနီတွေကို ပစ်မှတ်ထားပြီး အနံ့ခံတယ်၊ ပြီးရင် မြေခွေး
လိုက်ခွေးတွေက လိုက်ဖမ်းတယ်…
တရုတ်CCPအစိုးရရဲ့ Fox hunt operation မှာ အထင်ရှားဆုံးသာဓက
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(Inter Pool) အကြီးအကဲ တရုတ်နိုင်ငံသား
Meng Hongwei ဟာ တရုတ်ပြည်ကို ပြန်တဲ့ခရီးစဉ်နောက်ပိုင်းမှာ ပျောက်
ဆုံးခဲ့တယ်လို့ အင်တာပိုလ်အဖွဲ့က ၂၀၁၈ခုနှစ် အောက်တိုဘာ ၅ရက်နေ့မှာ
ထုတ်ပြန်ခဲ့တယ်… Inter Pool အခြေစိုက်ရာ ပြင်သစ်နိုင်ငံ လိုင်ယွန်(Lyon)
မြို့မှာ နေထိုင်နေတဲ့ Mengရဲ့ ဇနီးဖြစ်သူက သူ့ရဲ့ခင်ပွန်းဟာ စက်တင်ဘာ
နှောင်းပိုင်းကတည်းက တရုတ်ပြည်ခရီးစဉ်မှာ ပျောက်ဆုံးသွားတယ်လို့
အတည်ပြုခဲ့ပါတယ်…
ရှီကတော့ သူ့နဲ့အပြိုင် မီးရောင်အောက်ကို ဝင်တဲ့ဘယ်သူကိုမဆို ရှင်းပစ်လေ့
ရှိတယ်… တရုတ်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖန်ဘင်းဘင်းဟာ အခွန်
ရှောင်တိမ်းမှုကြောင့် ငွေဒဏ်ချမှတ်ခဲ့ရပြီး စစ်ကြောရေးကာလဟာ နှစ်နဲ့ချီ
ကြာခဲ့တယ်… အဓိက ဖန်ဘင်းဘင်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အရာရှိကြီး
တစ်ဦးနဲ့ တွဲပြီးနောက်ပိုင်းမှာ သည်လိုစစ်ဆေးခံရတာလို့ ထင်ကြေးပေးကြ
တယ်… ပါတီအတွင်းရေးပေါက်ကြားမှု၊ တရုတ်ရဲ့အဂတိလိုက်စားမှုတိုက်ဖျက်
ရေးအစီအမံအရ လာဘ်စားမှုကြောင့် အကျဉ်းကျခံ အရာရှိကြီးတွေကို
ရက်သတ္တပတ်အားလပ်ရက်တိုင်း ထိုအရာရှိကြီးတွေရဲ့ လုပ်ဖော်ကိုင်ဘက်
အစိုးရအရာရှိဇနီးမောင်နှံတို့ဟာ ထောင်ဝင်စာတွေ့လေ့ရှိပြီး၊ နမူနာယူဖို့
အစီအစဉ်ကြောင့်လည်း ဖြစ်တယ်…
အရေးကြီးဆုံးက CCPကို သစ္စာဖောက်ရင် ပြင်းပြင်းထန်ထန် Action ယူလေ့
ရှိတယ်… တရုတ်ရဲ့ဝန်ဆောင်မှုကုမ္ပကြီးဖြစ်တဲ့ အလီဘာဘာပိုင်ရှင် ဂျက်မား
ဟာ ရှီနဲ့အပြိုင် မီးရောင်အောက်ထဲဝင်ဖို့ တော်တော်သတိထားရတယ်…နဂါး
မျက်စောင်း အကြောင်းသုံးပါး မရွေးဘူး…
ကွန်မြူနစ်ဖြစ်ဖြစ်၊ စစ်အစိုးရဖြစ်ဖြစ်၊ တစ်ပါတီစနစ်ပဲဖြစ်ဖြစ် အာဏာရှင်
တွေဟာ အသွေးအမွေးတူလေ့ရှိတယ်… မြောက်ကိုရီးယားအာဏာရှင်
ကင်ဂျုံအမ်၊ ရုရှားသမ္မတပူတင်တို့လိုပဲ ရှီကျင့်ဖျင်ဟာ ဩဇာအာဏာကို
တည်ထောင်ရာမှာ၊ ပြိုင်ဘက်ရန်သူကို ရှင်းပစ်ရာမှာ အကျင့်စရိုက်တွေ၊
လုပ်နည်းလုပ်ငန်တွေက ထပ်တူပဲ…
သည်ဩဂုတ်လ ၂၀ရက်ကပဲ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny
ဟာ Tomsk မြိုကနေ မော်စကိုမြို့တော်ကို သွားတဲ့ လေယာဉ်ခရီးစဉ်မှာ
အပြင်းအထန်မကျန်းမာမှုကြောင့် ဂျာမနီကို လေယာဉ်နဲ့ အရေးပေါ် ကုသ
စစ်ဆေးတဲ့အခါ အဆိပ်မိတဲ့လက္ခဏာတွေ့ရကြောင်း ဆေးရုံက ဩဂုတ်၂၄ရက်
မှာ ထုတ်ပြန်ထားတယ်… Tomskမြို့ လေဆိပ်မှာ လက်ဖက်ရည်ဝယ်သောက်
ရာမှာ အဆိပ်မိနိုင်တယ်လို့ Navanlyကို ထောက်ခံသူတွေနဲ့ လုပ်ဖော်ကိုင်ဘက်
တွေက ပြောထားတယ်… Navalny ဟာ ရုရှားသမ္မတပူတင်ကို အဂတိလိုက်စား
မှုတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်တယ်…
သတိလစ်သွားခဲ့ပြီး သူစီးနင်းလာတဲ့လေယာဉ်ဟာ Omskမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့တယ်..သည်ကတစ်ဆင့် ဂျာမနီမှာ ဆေးကုသ
မှု ခံယူခဲ့ရပြီး စမ်းသပ်စစ်ဆေးရာမှာ Cholinesterase Inhibitors
ဓာတုပစ္စည်းကနေ အဆိပ်သင့်တဲ့လက္ခဏာမျိုးတွေ့ရတယ်လို့
Charite ဆေးရုံထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်…
Cholinesterase Inhibitors ဓာတုပစ္စည်းတွေကို ဆေးဝါးအတော်
များများမှာ သုံးသလို၊ ပိုးသတ်ဆေးနဲ့ အဆိပ်တွေမှာလည်း သုံးတယ်…
အခုတော့ Navalny အခြေအနေဟာ မကောင်းတော့ဘူး… လက်လျော့
ရမယ့်အနေအထားရောက်နေတယ်…
*ပူတင်(Putin)ဟာ နိုင်ငံရပ်ခြားမှာရှိတဲ့ သူ့နိုင်ငံရဲ့ရန်သူတွေကို ရှင်းလင်းခွင့်
ပေးတဲ့ဥပဒေတစ်ခုကို ရုရှားက ၂၀၀၆ခုနှစ်မှာအတည်ပြုပေးခဲ့တယ်…
ဗြိတိန်မှာခိုလှုံခဲ့တဲ့ ၂၀၁၆ခုနှစ်က အလက်ဇန္ဒြားလစ်ဗစ်နစ်လည်း ရေဒီယိုသတ္တုကြွပလူတိုနီယမ်-၂၁၀နဲ့ တိုက်ခိုက်ခံရပြီးအာရုံကြောတွေ
ထိခိုက်ပြီး၊ အဆုံးသတ်ခဲ့ရတယ်…၂၀၁၈မှာ KGBသူလျိုဟောင်းဖြစ်ခဲ့တဲ့
ဆာခေးစခရီပယ်နဲ့ သူ့သမီး ယူလီယာစခရီပယ်တို့ဟာ လန်ဒန်မြို့ပန်းခြံတစ်
ခုမှာ ထိုင်နေရင်း အဆိပ်နဲ့တိုက်ခိုက်ခံရတယ်…ရုရှားနဲ့ ဗြိတိန်နှစ်နိုင်ငံကြား
မှာ ဒီအဖြစ်အပျက်တွေကြောင့် သံတမန်ရေးတင်းမာခဲ့ကြတယ်…
[ KGBကို နောက်ပိုင်း FSBအဖြစ် ပြောင်းလဲခဲ့…]
ပူတင်ကို ဝေဖန်သူ ဗလာဒီမာကာရာမူရာဆိုရင်လည်း အမည်မဖော်နိုင်တဲ့ အရာဝတ္ထုအဆိပ်သင့်ခဲ့တာကို တွေ့ခဲ့ရတယ်…၂၀၁၅ခုနှစ်တုန်းက ရုရှား
အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမားဘော့ရမ်နစ်ဆော့ဗ်ဟာ မော်စကို
မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်…၂၀၁၃ ခုနှစ်ကလည်း ရုရှားသမ္မတပူတင်
ရဲ့ အလက်ဇန်းဒါးဘော့ရစ်ဘရက်ကော့စကီးဟာ အင်္ဂလန်နိုင်ငံ အက်စ်ကော့
က သူအိမ်ထဲမှာ သေဆုံးနေခဲ့တာကို တွေ့ရတယ်…
ဗလာဒီမာပူတင်ဟာ ဘက်ပြောင်းသွားတဲ့ သူလျိုဟောင်းတွေ၊ နိုင်ငံရေး
ပြိုင်ဘက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အဆိပ်တွေသုံးပြီး အပြတ်
ရှင်းတယ်လို့ နာမည်ကြီးသူဖြစ်ပြီး၊ ရုရှားဘီလျံနာသူဋ္ဌေးကြီးတွေကိုလည်း
အကျပ်ကိုင်ပြီး ငွေညှစ်လေ့ရှိတယ်… နိုင်ငံရပ်ခြားကို တိမ်းရှောင်သွားရင်
တောင် အစိုးရဘက်ကနေ ဘဏ်စာရင်းတွေကို ငွေမဲတွေအဖြစ် ထိန်းချုပ်ပြီး
မနုဿအမဲလိုက်လေ့ရှိတယ်…
ရုရှားပြည်ပြေး လူချမ်းသာ အလက်ဇန်းဒါး ပါပလီချီနီဟာ ၂၀၁၂ခုနှစ်မှာ အင်္ဂလန်တောင်ပိုင်းဆာရေးက သူ့အိမ်နားမှာ အပြေးလေ့ကျင့်နေရင်းလဲကျ
သေဆုံးခဲ့ပါတယ်… ရုရှားဘီလျံနာသူဋ္ဌေး ဆာဂေးပူဂါချော့ဟာ ကွန်မြူနစ်
ကာလမှာ ပိုင်ဆိုင်မှု ၁၅ဘီလျံလောက်ရှိခဲ့တယ်… ဆာဂေးပူဂါချော့ကို ပူတင်
ရဲ့ဘဏ္ဍာတိုက်ကြီးလို့တောင် တင်စားပြောခဲ့တယ်… ပူဂါချော့ဘဏ်ဟာ
၂၀၀၈မှာ အခက်အခဲကြုံနေရတဲ့အချိန်မှာ ရုရှားအစိုးရက သူုဘဏ်မပြိုလဲ
အောင် ၁ဘီလျံလောက်ထောက်ပံ့ပေးခဲ့တယ်…နောက်ပိုင်း သဘောထား
ပြောင်းလာပြီး ပူဂါချော့ရဲ့ ဘီလျံနဲ့ချီတဲ့ ဝင်ငွေကို စောင့်ကြည့်ထိန်းသိမ်း
လာခဲ့တယ်…
အဓိက ပူဂါချော့ဟာ အင်္ဂလန်သူအလက်ဇန်းဒါးတော်စတွိုင်းနဲ့လက်ထပ်ပြီး
နောက်ပိုင်း သဘောထားကွဲလွဲခဲ့တယ်…သန်း၁၄၀ရှိတဲ့ ရုရှားနိုင်ငံကနေ အင်္ဂ
လန်မကို သွားယူရလားဆိုပြီး ပြစ်တင်ဝေဖန်ခဲ့တယ်…ရုရှားအစိုးရဟာ ပူဂါ
ချော့ချေးထားတဲ့ငွေကို ပြန်ရအောင်လိုက်တောင်းခဲ့တယ်… ရုရှားအစိုးရပိုင်
အာမခံအေဂျင်စီ DIAက ငွေတွေပြန်ဆပ်ဖို့အတွက် ခြိမ်းခြောက်ခဲ့တယ်…
ပေးစရာရှိတဲ် ဒေါ်လာသန်း၃၅၀ပေးမလား၊ မင်းနဲ့မိသားစုကို သတ်ပစ်ရမလား
ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်…သားလက်ညိုးကိုဖြတ်ပြီးပို့လိုက်ရမလားဆိုပြီး…
သူတို့ခြိမ်းခြောက်တာတွေမလုပ်ခဲ့ဘူးလို့ DIAက ငြင်းခဲ့ပေမယ့်၊ ပူဂါချော့က
တော့ ပြန်မဆပ်နိုင်ဘူးလို့ ဆိုခဲ့တယ်…ကမ္ဘာအနှံက ပူဂါချော့ပိုင်ဆိုင်မှုတွေ
ထိန်းချုပ်ခံရပြီး နိုင်ငံကူးလက်မှတ်ပါအသိမ်းခံခဲ့ရတယ်… ဘဝပျက်သွားတဲ့
ပူဂါချော့ဟာ တုန့်ပြန်တဲ့အနေနဲ့ သူ့ပိုင်ဆိုင်မှုပျက်စီးအောင်လုပ်မှုနဲ့ နယ်သာ
လန်နိုင်ငံ သည်ဟေ့ဂ်မှာ တရားစွဲခဲ့တယ်…
ရုရှားပြီးရင် မြောက်ကိုရီးယားဘက်လှည့်ကြည့်မယ်ဆိုရင်လည်း သည်လို
အဆိပ်သုံးတိုက်ခိုက်မှုကို တွေ့ရတယ်… ကင်ဂျုံအမ်ဟာ သူ့ရဲ့ဦးရီးတော်ကို
ခွေးစာကျွေးပစ်မှု၊ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို အမြှောက်နဲ့ပစ်ပြီး သေဒဏ်
ပေးခဲ့တယ်… ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ၁၃ရက်နေ့မှာ သူ့ရဲ့ ဖအေတူ မအေကွဲ
ကင်ဂျုံနမ်ကို မလေးနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အဆိပ်နဲ့တိုက်ခိုက်ပြီး
သတ်ဖြတ်ခဲ့တယ်… မကာအို Casinoကို အသွား ကွာလာလမ်ပူလေဆိပ်မှာ
ခရီးတစ်ထောက်နားနေစဉ်အတွင်း Ricin အဆိပ်ကို လက်အိတ်မှာသုတ်လိမ်း
ပြီး တိုက်ခိုက်ခံရတယ်…
မြောက်ကိုရီးယားသူလျို ကင်ချုံချိုလ်က အင်ဒိုနီးရှားနိုင်ငံသူ ဆီတီအိုင်ရှာ၊
ဗီယက်နမ်သူ ဒေါင်သီဟောင်တို့ကို Ricinအဆိပ်သုတ်လိမ်းထားတဲ့ လက်အိတ်
ကို ပေးပြီး လုပ်ကြံခိုင်းခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကအတည်ပြုခဲ့တယ်…
Supriseလုပ်ရုံပဲထင်တဲ့ မိန်းမနှစ်ဦးဟာ ကင်ဂျုံနမ်ကို သွားရိုက်ပြီး မိနစ်ပိုင်း
အကြာမှာ အဆိပ်ပြန့်ပြီးသေဆုံးခဲ့ရတယ်… မြောက်ကိုရီးယားကတော့ ထုံးစံ
အတိုင်းငြင်းခဲ့တယ်…
ကြက်ဆူပင်က ထုတ်တဲ့ ricinအဆိပ်ဟာ အာဆင်းနစ်၊ ဆိုင်ယာနိုက်၊ Strychnine
ဆိုတဲ့ လူသတ်ရာမှာသုံးတဲ့ အဆိပ်တွေထက် ပိုမိုပြင်းထန်ပြီး မြောက်ကိုရီးယား
ကအသုံးများတယ်…
တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားသုံးနိုင်ငံဆုံတဲ့ နယ်နမိတ်လိုင်းတွေ
မှာ မြောင်ဆိုတဲ့လူမျိုးစုတွေဟာ သည်လိုပဲအဆိပ်အမျိုးမျိုးကို ရေလဲ
အသုံးပြုတတ်တယ်… လူမျိုးစုတွေဟာ နောက်ပိုင်းမှာ သည်သုံးနိုင်ငံ
တွေမှာ ပြန့်နှံ့ခဲ့ကြတယ်… အင်္ဂလိပ်ခေတ်က တစ်သက်တစ်ကျွန်းထောင်
ဒဏ်အပြစ်ချရင် ပို့တဲ့ ပို့ဘလဲယားကျွန်းမှာရှိတဲ့ လူရိုင်းမျိုးနွယ်စုတွေ
ဟာလည်း ပို့ဘလဲယားကျွန်းကို ရောက်လာတဲ့ ထောင်ပိုင်တွေ၊အမှုထမ်း
တွေနဲ့ ထောင်သားတွေကို အဆိပ်အပ်ကို ပြောင်းနဲ့မှုတ်ပြီး သတ်ဖြတ်လေ့
ရှိတယ်…
သူတို့နေထိုင်ရာစားကျက်မြေကို သိမ်းပိုက်လို့ အဆိပ်ပြောင်းနဲ့မှုတ်ပြီး
သတ်ဖြတ်ရာမှာ သွေးအနည်းငယ်စိမ့်ရုံနဲ့ သေတာပဲ… မျက်နှာက ရယ်
မောသလိုဖြစ်ပေမယ့် အကြောထိခိုက်ပြီး သေတာ… အကြောတုံ့ပြန်မှုက အရမ်းတင်းသလိုဖြစ်ပြီး သွေးပေါက်တာနဲ့သေတာ…မုဆိုးတွေအသုံးပြုတဲ့ တစ်ဆွေ့ခုန်၊ နှစ်ဆွေ့ခုန်အဆိပ်ဆိုတာ ဒါမျိုးပဲ…
.
.
.
တရုတ်တို့ဟာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြစ်အသုံးပြုပြီး
အမေရိကန်ကိုသာမက တစ်ကမ္ဘာလုံးကို တိုက်ခိုက်သူလို့ အမေရိကန်သမ္မ
တTrumpက ထပ်တလဲလဲမှတ်ချက်ပြုထားတယ်… နောက်ပိုင်း Trumpနဲ့
Mike Pompeo တို့ဟာ တရုတ်CCPအစိုးရပေါ် သံတမန်ဆက်ဆံရေးစကား
လုံးမသုံးပဲ မိစ္ဆာရန်လိုတဲ့နိုင်ငံအဖြစ် အတိအကျစွပ်စွဲပြောဆိုခဲ့တာပါ…တရုတ်
ဖက်ကလည်း ပထမအစမှာ ပြန်လှန်တုံ့ပြန်ခဲ့ပေမယ့် Trumpနဲ့ Pompeo တို့
က တရုတ်တွေရဲ့ ထွက်ပေါက်တွေ၊ ဂယ်ပေါက်တွေကို စနစ်တကျလိုက်ပိတ်
ပြီး တောင်တရုတ်ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ရေတပ်အထိုင်ချ
ပြီး စိတ်ကြိုက်မွှေနှောက်နေတယ်…
အခုဆိုရင် တောင်တရုတ်ပင်လယ်ကို အနီရောင်အဆင့်တပ်လှန့်ထားတဲ့အပြင်
ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ ဖိလစ်ပိုင်ဟာ သူပိုင်ကိုယ်ပိုင်ငြင်းနေတဲ့ စပတ်တလီ
ကျွန်းနဲ့ စကားဘရူကျွန်းတွေမှာ တိုက်လေယာဉ်တွေကို ပျံသန်းနေပြီး တရုတ်
ကို စိန်ခေါ်နေပါတယ်… စစ်အင်အားမရှိလို့ တရုတ်ကိုမတိုက်ရဲဘူးလို့ ဒူတာတေး
က ထုတ်ဖော်ပြောအပြီးမှာ ဖိလစ်ပိုင်ပြည်သူတွေက ဆန့်ကျင်လာတဲ့နောက်မှာ
အမေရိကန်အားကို ပြန်ယူပြီး တရုတ်ကိုအာခံစပြုလာတယ်…
“တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန်ရှိဖို့လိုအပ်တယ်”လို့ ဖိလစ်ပိုင်
နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ဩဂုတ်၂၆ရက်မှာ ပြောကြား
လိုက်ပြီးမှာ ဇွန်လတုန်းက နှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ နှစ်နိုင်ငံကြား တပ်စွဲ
သဘောတူညီချက်စာချုပ်ကို ဖျက်သိမ်းဖို့ ရပ်ဆိုင်းလိုက်ပါတယ်… တရုတ်
ထံက ဝေစုကြီးကြီးမားမားရမယ့်အရေးအတွက် ဒူတာတေးက မျက်နှာပန်း
လှအောင် တရုတ်ကို စိန်ခေါ်လိုက်ပြီးဖြစ်တယ်… ဗီယက်နမ်ကလည်း ဗီယက်
နမ်ငါးဖမ်းသဘောၤတွေကို တရုတ်ဘက်က တိုက်ခိုက် နစ်မြုပ်တဲ့အပေါ်
လျော်ကြေးပေးဖို့ တောင်းဆိုထားတယ်…
တရုတ်က ငြိမ်နေပြီး ဘာအသံမှမထွက်ရဲတာ ဖိလစ်ပိုင်ကို မတီးဝံ့လို့မဟုတ်ဘူး…
အမေရိကန်လိုချင်တဲ့အနေအထားကို တန်းဝင်သွားမှာ ကြောက်လို့ပဲ… ဗိုင်းရပ်စ်
ပြဿနာနဲ့ အမေရိကန်ရန်စနေတာကို တုံ့ပြန်ရနဲ့ သူ့မိတ်ဖက်နိုင်ငံတွေကို US
စီးပွားရေးအရ ထိုးစစ်ဆင်နေတာကို လက်ပိုက်ကြည့်နေရတယ်…ဩဂုတ်၁၃
ရက်က UAEနဲ့ အစ္စရေး သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်မှာ အာရပ်နိုင်
ငံတွေမှာလည်း ဘက်ရွေးမှုတွေ ပေါ်ပေါက်လာခဲ့တယ်… အာရပ်ကမ္ဘာမှာ မင်း
မူနေတဲ့ အီရန်ကို မနိုင်လို့ အောင့်အီးသည်းခံတာ ခုတော့ UAEလမ်းကြောင်းကို
လိုက်ဖို့ပြင်ဆင်နေကြတယ်…
အစ္စရေးကို မကြိုက်ပေမယ့် အီရန်ရဲ့ရန်လိုတဲ့အနေအထားကို ကာကွယ်ဖို့
ဆော်ဒီဟာ အရင်ကတည်းက USနဲ့ ပဏာစားသူပါ… အီရန်ရဲ့နေရာကိုလွဲယူ
ဖို့ ဆော်ဒီဟာလည်း USနဲ့ လက်ဝါးချင်းရိုက် ပြင်ဆင်ထားတယ်… Trump
ကတော့ ပွဲစားလုပ်ပြီး UAEနဲ့ အစ္စရေးတို့ရဲ့ သံတမန်ဆက်ဆံရေးထူထောင်
မှုကို Abraham Accordဆိုပြီး ခရစ်ယာန်၊အစ္စလာမ်နဲ့ ဂျူးတွေဟာ အေဗရာ
ဟမ်ကနေ ဆင်းသက်တယ်ဆိုပြီး အပီချုပ်ကိုင်ထားထားတာ အခုတော့ အာ
ရပ်တွေ ပစ်ကျသွားတယ်…
အီရန်ကို ကြောဖြတ်ပြီး တရုတ်ရဲ့ကွန်ယက်တွေကို ဖြတ်တောက်တာပါ… တရုတ်
က အရှေ့အလယ်ပိုင်းမှာ ဒေါ်လာဘီလျံ၄၀၀ ရင်းနှီးမြုပ်နှံပြီး အမေရိကန်နေရာ
ကို ဝင်ယူဖို့ကြိုးစားခဲ့တယ်… အဓိက အီရန်မှာ Huaweiက ၂၀၁၈မှာ 5G Network တပ်ဆင်အသုံးပြုဖို့ ဆွေးနွေးတာတွေ၊ အီရန်ကရေနံကို တရုတ်ဘက်
ဝယ်ယူမှုတွေ၊ ၂၀၁၅ အီရန်နျူကလီးယားစာချုပ်ကို ချိုးဖောက်ပြီး ပြန်လည်
စမ်းသပ်မှုတွေ လုပ်နေချိန်မှာ တရုတ်က လျှို့ဝှက်ကူညီခဲ့တာတွေ၊ အီရန်ရေနံ
ကို ဝယ်ယူတာတွေက US Sanctionမိလို့ စီးပွားရေးကျနေတဲ့ အီရန်အတွက်
အသက်ရှုပေါက်ရခဲ့တယ်…
USရဲ့ တစ်ဖက်လှည့်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံအသစ်တွေကို ပြန်လည်စည်းရုံပြီး
တရုတ်ရဲ့စွမ်းအင်ကဏ္ဍတွေကို အရှေ့အလယ်ပိုင်းမှာတင် ကန့်သတ်လိုက်ရင်
တရုတ်ဟာ အားပျော့သွားလိမ့်မယ်… အခု Mike Pompeo ဟာ ဂျေရုစလင်
ရောက်နေပြီး… တရုတ်စွမ်းအင်ရင်းမြစ် ၆၅ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းက
ရရှိပြီး ၂၀ရာခိုင်နှုန်းက အာဖရိကတိုက်ကနေ ရရှိလာတာပါ… အိုမန်၊ ဘာရိန်ကို
သိမ်းသွင်းဖို့ကလွဲပြီး Pompeo ဟာ လွန်းပြန်သံတမန်ရေးခင်းပြီး အရှေ့ဥရောပ
နဲ့အာရပ်ကမ္ဘာမှာ ပတ်မွှေနေတယ်…
အမေရိကန်ကတော့ ဘီလူးဆိုင်းတီးပြီး တရုတ်ရဲ့ထွက်ပေါက်နဲ့ ဂယ်ပေါက်
တွေပိတ်ဆို့အပြီးမှာ ထပ်မံပြီး တောင်တရုတ်ပင်လယ်မှာ လူလုပ်ကျွန်း
တည်ဆောက်တဲ့ တရုတ်ကုမ္ပဏီတွေကို ထပ်မံအရေးယူလိုက်ပါတယ်…
China Communication Construction နဲ့ China Shipbuilding
Groupတို့ပါဝင်တယ်…
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီဟာ ဥရောပခရီးစဉ်ကို ထွက်သွားပြီး
ဩဂုတ်၂၅ရက် အီတလီနိုင်ငံအရောက်မှာ ကမ္ဘာကြီးအနေနဲ့ စစ်အေး
တိုက်ပွဲမဖြစ်လာအောင် ရှောင်ကြည်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်…
စစ်အေးတိုက်ပွဲကို တရုတ်ကမလိုလားကြောင်း၊ စစ်အေးတိုက်ပွဲကြောင့်
ကမ္ဘာတိုှးတက်မှုသမိုင်း နောက်ပြန်ဆွဲမှုဖြစ်နိုင်ကြောင်းနဲ့ ဒါဟာ နိုင်ငံတစ်
နိုင်ငံရဲ့ အကျိုးစီးပွားကို ဖျက်ဆီးပြီး၊ နောက်တစ်နိုင်ငံက သူ့ကိုယ်ကျိုး
အတွက် လုပ်ဆောင်တာကြောင့် ဒါမျိုးကိုလက်မခံပဲ ဆန့်ကျင်ကြဖို့ ပြော
ဆိုသွားတယ်…
အမေရိကန်ကို ရည်ရွယ်ပြောတာဖြစ်တယ်…ကိုယ်ကိုယ်၌က ဒေသတွင်း
နိုင်ငံငယ်တွေကို အကြွေးထောင်ချောက်နဲ့ပိတ်ပြီး အကုန်ဝါးမျိုးနေတဲ့
တရုတ်နိုင်ငံဟာ သူထက်အင်အားကြီးတဲ့နိုင်ငံက ပိတ်ဆို့လာရာမှာ rallying
cry လုပ်ပြတာ ရုပ်ဆိုးအကျည်းတန်လှတယ်… တရုတ်ကုမ္ပဏီပေါင်း ၂.၃၁
လည်း ပိတ်လိုက်ရပြီး… ဟိုကစွပ်စွဲတဲ့ နည်းပညာခိုးယူမှု၊ ဆိုင်ဘားဖောက်
ထွင်းမှုနဲ့ ဉာဏပိုင်းဆိုင်ရာချိုးဖောက်မှုတွေကြားမှာ “ယကလယ်” လိုက်နေပြီး…
Donald Trump စွပ်စွဲတဲ့ ကိုရိုနာဗိုင်းရပ်စ်သာ လူလုပ်ထားတဲ့ ဗိုင်းရပ်စ်ဆိုတာ
သေချာရင် တရုတ်CCPခေါင်မိုးပြိုကျဖို့ သေချာပြီး… မဝေးတော့ပါဘူး…
US Election မှာလည်း Trumpဟာ Joe Bidenကို အနိုင်ရဖို့ ၈၀ရာခိုင်နှုန်း
ရှိနေယေ်… လူထုစစ်တမ်းမှာ ဂျိုးဘိုင်ဒင်က သာပေမယ့် စီးပွားရေးကောင်း
လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများလာတာနဲ့ တရုတ်ကို နှိပ်ကွပ်
ထားတဲ့ Trumpကို လူကြိုက်များမှုက ရေပန်းစားဆဲပါ… ကမ္ဘာမှာ တရုတ်
ကို ရိုက်ချိုးနိုင်တာ အမေရိကန်ပဲရှိသလို၊ သမ္မတကလည်း Trumpတစ်
ယောက်သာရှိတဲ့အတွက် သညိတစ်ကြိမ်သက်တမ်းမှာလည်း Trumpကို
အာဏာအပ်နှင်းမှာပါ…Trumpရဲ့ ကြိမ်းဝါးသံကလည်း ကြောက်ခမန်းလိလိ…
“ကျနော်သာ ရွေးကောက်ပွဲမနိုင်ရင် အမေရိကန်တွေ တရုတ်စာသင်ထားပေတော့”
လို့ သူ့ရဲ့ Twitter မှာ တင်လိုက်ကတည်းက ဂျိုးဘိုင်ဒန်နဲ့ ကင်မလာဟဲရစ္စတို့ကို
Knock-off လုပ်လိုက်သလိုပဲ…
မြောက်ကယ်ရိုလိုင်းနား ရီဗက်ဗလစ်ကန်ညီလာခံမှာ Trumpကို သမ္မတလောင်း
အဖြစ် အတည်ပြုခဲ့တယ်… ဂျေရုစလင်ရောက်နေတဲ့ Mike Pompeo ဟာ
သံတမန်စည်းကမ်းကို လျစ်လျူရှုပြီး ကြိုတင်ရိုက်ကူးထားတဲ့ မဲဆွယ်ပွဲမိန့်ခွန်း
ကိုပြောပြီး၊ Trumpရဲ့ နိုင်ငံခြားဆက်ဆံရေးလုပ်ဆောင်မှုကို အမွမ်းတင်ထားတယ်…
အဓိက တရုတ်CCPအစိုးရကို အမဲလိုက်နေတဲ့ (Fox Hunt Operation)နဲ့
ရွေးကောက်ပွဲကို Timingကိုက်ပြီး ရွှေ့နေတဲ့ ရွှေ့ကွက်တွေက အကုန်ခြုံ
မိသွားပြီး… တရုတ်က ထွက်တိုက်မှာလား သို့တည်းမဟုတ် လည်စင်းပေး
ခံမှာလား ဆိုတာ… တချို့က တရုတ်ကိုမတိုက်သေးဘူးလားလို့ Trumpကို
မေးခွန်းထုတ်နေပေမယ့် စစ်အေးတိုက်ပွဲက ပြင်းထန်နေပြီး… တေ့တေ့ဆိုင်
ဆိုင်တိုက်ဖို့ဆိုရင် pointက နှစ်နေရာပဲရှိတယ်… တောင်တရုတ်ပင်လယ်နဲ့
ဘင်္ဂလားပင်လယ်အော်ရေပြင်မှာပဲ… USအကျင့်က နိုင်ငံတစ်ခုကို ကြားခံပြီး တိုက်တတ်တဲ့အကျင့်…
လက်ရှိအနေအထားအရ တောင်တရုတ်ပင်လယ်ပြင်မှာ တည်တော့မယ်…
စစ်ပွဲကို မလိုလားပေမယ့် တောင်တရုတ်ပင်လယ်မှာ မတည်ရင် ဘင်္ဂလား
ပင်လယ်အော်မှာ စဖြစ်ဖို့ လင်တစ်ကမ်းအလိုပဲ… အခုတော့ တရုတ်တို့
အသက်ရှုပေါက်ပိတ်လို့ တောင်တရုတ်ပင်လယ်မှာ missiles နှစ်စင်းပစ်ပြီး
စစ်ပွဲစဖို့ ဆုံးဖြတ်လိုက်ဟန်တူတယ်…သွေးတိုးစမ်းပြီး အကန့်အသတ်စစ်ပွဲ
စမယ်… မဟုတ်ရင် ပြည်တွင်းအုံကြွမှုဖြစ်လာပြီး CCPအတွင်းပိုင်းမှာ ရှန်
ဟိုင်းဂိုဏ်းနဲ့ ဘေဂျင်းဂိုဏ်းတို့ အာဏာလုပွဲစတင်နေပြီး ထာဝရသမ္မတလုပ်
ချင်တဲ့ ရှီကျင့်ဖျင်ထိုင်ခုံလှုပ်နေပြီး…
တရုတ်လက်ကိုင်တုတ်တွေ၊ နောက်လိုက်ခွေးတွေ သတိထားကြပေါ့… တရုတ်
ကိုမလွန်ဆန်ရဲတာနဲ့ပဲ ကိုယ့်တိုင်းပြည်ကို နောက်တစ်ကြိမ်ရောင်းစားဖို့ ကြံ
ကြသေးတယ်…ရခိုင်မှာ ဩဂုတ်၁၆ရက်ကနေ အခုချိန်ထိ တရှိန်ထိုးမြင့်တတ်
လာတဲ့ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်စနက်မကင်းဘူးဆိုတာ သိကြတယ်…
ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMMက တောင်းဆိုထားတဲ့ အချက်တွေကို
Facebook က ပေးဖို့ငြင်းဆန်ခဲ့ပေမယ့် ဩဂုတ်၂၅ရက်မှာတော့ ပေးဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်…
၂၀၁၈ခုနှစ် ဩဂုတ်၂၇ရက်မှာ တပ်ချုပ်Accအပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ Acc၁ခုနဲ့ Page ၃၄ခုကို တရားဝင်ဖျက်သိမ်းခဲ့တယ်… IIMMခေါင်းဆောင် နီကိုးလပ်စ်ခွန်ဂျမ်းက တောင်းဆိုခဲ့ပေမယ့်မပေးခဲ့ဘူး… မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဟုတ်၊ မဟုတ် အမုန်းတရားတွေ၊ ဆက်သွယ်မှုတွေ
စစ်ဆင်ရေးတွေမှာ ဘယ်လိုညွှန်ကြားချက်တွေ ထုတ်တယ်ဆိုတာ စစ်ဆေး
ကြည့်ရှု့ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ လာမလဲဆိုတာ …သေချာတာက UN
က သည်အရေးမှာ ဝင်အမြတ်ထုတ်ဖို့ ရည်ရွယ်ထားမယ်ဆိုရင်တော့ OICနိုင်
ငံတွေက မြန်မာကို ပြဿနာရှာလာတော့မယ်… ICJမှာ တရားရင်ဆိုင်နေရဆဲ
အခြေအနေမှာ ဒါတွေက ထိုးနှက်မှုဖြစ်လာနိုင်တယ်…
တစ်ခုတော့ရှိတယ်… ဘဂါၤလီအရေးမှာ တရုတ်ရဲ့နောက်ကွယ်ကြိုး
ကိုင်မှုနဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုနဲ့ AAရဲ့ ရခိုင်ရဲကင်း
တွေကို တိုက်ခိုက်မှုအဖြစ်အပျက်တွေ ဖော်ထုတ်ပြီး တရုတ်ကို
အပြီးရှင်းဖို့ အမေရိကန်က ကြိုပစ်လိုက်တဲ့ ကျားစေ့ဖြစ်ဖို့များတယ်…
USက ရခိုင်ပြဿနာကို အစဖော်ဖိအားပေးလာမှ Facebook က
အချက်အလက်တွေ ပေးလိုက်တာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ပါပဲ…
မြန်မာအစိုးရအတွက် စိတ်ပူစရာမရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ OICတို့ရဲ့
အလစ်ချောင်းမှု ကိုဗစ်လှိုင်းတွေ၊ပြည်တွင်းမှာ ခြေရှုပ်ပြီး မဲပြားဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံရေးတောကြောင်တွေရဲ့ ရန်သတ္တရုတွေနဲ့ ကာလုံ
ခေါ်ဖို့ တောင်းဆိုနေမှုကြောင့် အနောက်တံခါးပြဿနာဟာ melting pot
ဖြစ်လာတယ်…
အမေရိကန်ဘက်ကလည်း နောက်ဆုံး end game ကစားမယ့်အချိန်မှာ တရုတ်ကလည်း defenceနဲ့ အပြင်းအထန် ရုန်းကြလိမ့်မယ်… စက်တင် ဘာလထဲမှာ အမြင့်ဆုံးအနေအထားထိ ရောက်လာပြီး စက်တင်ဘာနှောင်း
ပိုင်းနဲ့ အောက်တိုဘာပထမအပတ်မှာ ရေကုန်ရေခမ်း တိုက်ကြလိမ့် မယ်…Trumpအတွက်လည်းရွေးကောက်ပွဲနိုင်ဖို့၊ Xiအတွက်ကလည်း ကုလားထိုင်မြဲဖို့…
သည်နှစ်နိုင်ငံကြားမှာ မြန်မာအစိုးရအနေနဲ့လက်တွေ့ကျကျ ဆုံးဖြတ်ဖို့လို
လာပြီး…
ကမ္ဘာဘဏ်ဥက္ကဌဟောင်းရောဘက်မက္ကနာမာပြောသလို
You need a soft heart and a hard head to solve the development
problems.
[ နူးညံ့တဲ့ နှလုံးသားရှိတာ ကောင်းပါတယ်..ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်း
ရာမှာတော့ ခေါင်းမာမာနဲ့ လက်တွေ့ကျကျဖြေရှင်းဖို့ လိုမယ်…]
Written by:
A.M.H#(Irony)