ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ၃၀ စက်တင်ဘာထိ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း
|လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ ထပ်မံတိုးမြှင့်
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၆ )ရက်တွင် ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်သည်။
#ထပ်မံ၍တိုးမြှင့်
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၆ )ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
#ပြည်တွင်းခရီးစဉ်များ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ထပ်မံ၍ ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက https://bit.ly/31uFrmf တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#TRAVEL_ADVISORY– Updated 26 August 2020
Further Extension of Effective Period of Temporary Measures to Prevent Importation of COVID-19 to Myanmar Through Air Travel
According to the notice from the Department of Civil Aviation, the restriction for all airlines operating international air services to and from Yangon International Airport (YIA) has been extended up to 30 September 2020.
#Further_Extension
In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the suspension of international air services up to 30 September 2020, 23:59 Hours MST by the notification issued on 26 August 2020.
#Domestic_Air_Travel
However, Terminal3 remains operational for all domestic flights at Yangon International Airport.
YIA advises travelers to observe the precautionary measures at all times in the airport to protect the spread of COVID-19.
For more details, please check at https://bit.ly/31uFrmf .
Stay Safe!