ထိုင်းထီအတုပြုလုပ်ရောင်းချမှုကိုဖမ်းဆီး
|ထိုင်းနိုင်ငံမှာ ထုတ်ဝေနေတဲ့ ထိုင်းထီလက်မှတ် ပထမဆု ဘတ်(၆)သန်း ကို ထိုင်းရောက်မြန်မာပြည်သူအများအပြား ထီပေါက်လာချိန် မြန်မာ ပြည်တွင်းမှာ လည်း ထီလက်မှတ်အရောင်းအဝယ်များ မြို.ရွာတိုင်းမှာ တွေ့နေရပါတယ်။ ဒါကို အခွင်.ကောင်းယူပြီး ထိုင်းနိုင်ငံသားတွေက
ထိုင်းနိုင်ငံ ဆာမွတ်ပရကန်ပြည်နယ်၊ ဖတ်ပတဲလ်မြို့နယ်မှာ ထိုင်းထီလက်မှတ် အတုများ ပြုလုပ်ပြီး မသိနားမလည်တဲ့ လာအိုလူမျိုး၊ ကမ္ဘောဒီးယား လူမျိုးနဲ့ မြန်မာလူမျိုးများကို ထီလက်မှတ် အတုများ ရောင်းချနေကြတာကို ထိုင်းစီးပွားကူးသန်းဌာန၏ တိုင်တန်းချက်အရ ထိုင်းရဲတပ်ဖွဲ.မှ
ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။
ထိုင်းထီလက်မှတ် မှာ အရောင်တွေနံပါတ်တွေ လုံခြုံစိတ်ချစွာ ပြုလုပ်ထားပြီး QR Code ကိုစကင်ဖတ်ချိန်မှာ အတုအစစ်ကို ထိုင်းအောင်ဘာလေ ထီဌာနက စစ်ဆေးချိန်မှာတွေ့ရှိရတာပါ၊ မြန်မာနိုင်ငံသားများလည်း သတိပြုပြီး ထိုင်းထီလက်မှတ်များကို ဝယ်ယူအားပေးကြပါသည်။ ထိုင်းထီများကိုဝယ်ယူပါကြ သေချာ စစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။
သတင်း – Win Ko