(၁၅)နှစ်သာရှိသေးသောသမီးအရင်းကိုကိုယ်ဝန်(၂)လရအောင်ပထွေးကဲ့သို့သားမယားပြုကျင့်ကြံသူ


အမှုဖြစ်စဉ်မှာ၁၃.၈.၂၀၂၀ရက်မွန်းလွဲ၁နာရီခွဲအချိန်ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကျောင်းကုန်းမြို့မရဲစခန်းတွင်ဒုရဲမှူးမောင်မောင်သန်း စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် ဒေါ်……(၆၂)နှစ်၊ ကျဘမ်း၊……ရွာ၊….အုပ်စု၊ မြို့နယ်နေသူက၎င်းသည် ၆.၈.၂၀၂၀ရက်ည၇နာရီခွဲအချိန် နေအိမ်၌ရှိနေစဉ်ခြံချင်းကပ်လျက်(၆)ပေခန့်ကွာဝေးသာခြေရင်းဘက်နေအိမ်၌ အရွယ်မရောက်သမီး(၂)ဦးနှင့်အတူနေထိုင်သောတရားလို၏မတ်တော်စပ်သူ အေးလှိုင်(၅၃)နှစ်၊ကျဘမ်း၊….ရွာ၊ကျောင်းကုန်းမြို့နယ်နေသု(မုဆိုးဖို)၏နေအိမ်တွင် အေးလှိုင်နှင့်၎င်း၏သမီးကြီးမ……(ခ)…..(၁၅)နှစ်တို့စကားများပြောဆိုနေသံကြားရ)မှ”အဖေကြီးကျွန်မအိပ်နေတုန်း၊ ပါစပ်ပိတ်ပြီးလုပ်လို့ကျွန်မမှာကိုယ်ဝန်ရှိတာ”၊ ကျွန်မမှာချစ်သူရည်းစားမရှိဘူး””အဖေကြီးကအဖေအရင်းလိုမလုပ်ဘူး၊ ပထွေးလိုလုပ်တာပထွေးပဲမှတ်တယ်”ဟုငိုယိုပြောဆိုနေသံကိုကြားရသဖြင့် တရားလိုလည်းမ…..(ခ)……..၏ သေဆုံးသွားသော မိခင်ဘက်မှအဒေါ်များအားအကြောင်းကြားခေါ်ဆောင်ပြီး မ…..(ခ)မ…….အား…… ကျေးရွာအုပ်စု ၊ကျေးလက်ကျန်းမာရေးဌာနသို့ခေါ်ဆောင်သွားပြီးစမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင်မ…..(ခ)မ……၌ကိုယ်ဝန်(၂)လခန့်ရှိနေကြောင်း အဖြေသိရှိရသဖြင့်တရားလိုမှမိသားစုများနှင့်တိုင်ပင်ကာ သမီးအရင်းဖြစ်သူမ…..(ခ)မ……..အားကိုယ်ဝန် (၂)လရရှိအောင်သားမယားအဖြစ် ပြုကျင့်ခဲ့သူ အေးလှိုင်အားဥပဒေအရအရေးယူပေးပါရန်ရဲစခန်းသို့တရားလိုပြုလုပ်တိုင်တန်းခဲ့ရာကျောင်းကုန်းမြို့မရဲစခန်းအမုှကြီးအမှတ်(၂/၂၀၂၀)၊(ပ)၄၈၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆အရအမုှရေးဖွင့်ကာအမှုစစ်ဒုရဲမှူးမောင်မောင်သန်းက ရဲစခန်းတောင်ဘက်(၃)မိုင်ခန့်ကွာဝေးသော အခင်းဖြစ်ကျေးရွာသို့သွားရောက်ကာ အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊ မှတ်တမ်းပုံရိုက်ကူးခြင်း၊ တရားလိုကိုအသေးစိပ်စစ်မေးခြင်း၊ ကျူးလွန်ခံရသူကိုဆေးစာရေးသားစစ်ဆေးစေခြင်း၊ သက်သေခံမိန်းမဝတ်လုံချည်အနီရောင်အဟောင်း(၁)ထည်၊ ယောကျာ်းဝတ်အစိမ်းရောင်ကွက်စိပ်များပါသောပုဆိုးတစ်ထည်၊ တို့ကိုသိမ်းဆည်းကာပြစ်မှုကျူးလွန်သူအေးလှိုင်ကိုမွန်းလွဲ၂နာရီ၀၅မိနစ်အချိန်အမှုဖြင့်ဖမ်းဆီးကာအသေးစိပ်စစ်မေးပြီးတရားစွဲတင်ပို့မည်ဖြစ်ကြောင်းသိရှိရသည်။
အတာ(ကျောင်းကုန်း)S.H

Add a Comment

Your email address will not be published. Required fields are marked *