အပျော်ကြံတာပဲဆိုပြီး ဓားနဲ့ထိုးရာမှ သေရတဲ့လူသတ်မှုဖြစ်ပွား
|အမှုဖြစ်စဉ်မှာ၁၉.၈.၂၀၂၀ရက်ည၈နာရီ၁၀မိနစ်အချိန်မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊တံတားဦးမြို့မရဲစခန်းတွင်ဒုရဲမှုးအောင်ခင်သန်းတာ၀န်ထမ်းဆောင်နေစဉ်ကိုအောင်အောင်(၃၁)နှစ်၊မိုးနှံခြုံကျေးရွာ၊တံတားဦးမြို့နယ်နေသူက၎င်းသည် ၁၉-၈.၂၀၂၀ရက်နံနက်၉နာရီခွဲအချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ်ညီဖြစ်သူအောင်နိုင်ထွေး(၂၆)နှစ်သည်ရွာထိပ်ကိုသွားမည်ဟုဆိုကာနေအိမ်မှတစ်ဦးတည်းထွက်ခွာသွားရာညနေ(၄)အချိန်ခန့်တွင်ညီဖြစ်သူအောင်နိုင်ထွေးမှာစကားတဲကျေးရွာ၏အရှေဘက်(၁)မိုင်ခန့်ရှိတောစပ်လှည်းလမ်းမပေါ်တွင်သေဆုံးနေကြောင်းသတင်းကြားသိရသဖြင့်သွားရောက်ကြည့်ရှုရာ စကားတဲ..ကျောက်တိုင်ကျေးရွာအသွားလှည်းလမ်းပေါ်တွင်ညီဖြစ်သူအောင်နိုင်ထွေးသည်ဝဲဘက်ရင်တွင်ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့်ညီဖြစ်သူကို အသက်သေဆုံးအောင်ဓားနှင့်ထိုးသတ်သွားသူကိုစုံစမ်းဖော်ထုတ်ကာဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်ကာအမှုဖွင့်တိုင်တန်းခဲ့ရာ တံတားဦးမြို့မရဲစခန်း(ပ)၁၀၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာ
အမှုစစ်ဒုရဲမှုးအောင်ခင်သန်းကအခင်းဖြစ်ကျေးရွာလှည်းလမ်းမသို့ သက်သေအချို့နှင့်သွားရောက်ကာအခင်းဖြစ်ရပ်စစ်ဆေးခြင်းမြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊သေဆုံးသူအောင်နိုင်ထွေးကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာအမှုမှပြစ်မှုကျူးလွန်သူအားဖော်ထုတ်ဖမ်းဆီးရမိရေးအထွက်တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်ဦး၊တံတားဦးမြို့မရဲစခန်းမှူးဒုရဲမှူးခင်ခင်သန်း၊နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ချစ်ဇော်ဝိုင်းနှင့်အဖွဲ့သည်အခင်းဖြစ်နေရာနှင့်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သောမြင်းသည်ကျေးရွာ၊ ကားဘဲ၊ မိုးနှံခြုံကျေးရွာများသို့ သွားရောက်စုံစမ်းခဲ့ရာသက်သေတစ်ချို့၏ထွက်ဆိုချက်အရသေဆုံးသူကိုအောင်နိုင်ထွေးမှာစကားတဲကျေးရွာနေမသီတာမြင့်(၂၈)နှစ်၊တောင်သူနှင့် ချစ်ကြိုက်နေကြကြောင်းသတင်းစုံစမ်းသိရှိရသဖြင့်မသီတာမြင့်၏နေအိမ်သို့အသိသက်သေစကားတဲကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်၊ ရာအိမ်မှူး ဦးအောင်ကိုဦးတို့နှင့်အတူသွားရောက်ခဲ့ပြီး၊အမှုနှင့်ပတ်သတ်၍စစ်ဆေးနိုင်ရေးအတွက်မသီတာမြင့်အားရဲစခန်းသို့ခေါ်ဆောင်လာပြီးအသေးစိတ်စစ်ဆေးခဲ့ရာမသီတာမြင့်မှာကိုအောင်နိုင်ထွေးနှင့်လွန်ခဲ့သော(၃)လခန့်ကချစ်ကြိုက်ခဲ့ကြပြီးစကားတဲရွာ၏မြောက်ဘက်(၁)မိုင်ခန့်အကွာမသီတာမြင့်၏ မိဘများပိုင်ဆိုင်သည့်သရက်ခြံတွင်သားမယား(၁)ကြိမ်ဆက်ဆံခဲ့ကာလွန်ခဲ့သော(၂)ရက်ခန့်ကထပ်မံ၍၎င်းသရက်ခြံတွင်သားမယားအဖြစ်(၁)တစ်ကြိမ်၊စုစုပေါင်း(၂)ကြိမ်ခန့်ပေါင်းသင်းဆက်ဆံနေထိုင်ကြကာ၁၉.၈.၂၀၂၀ရက်နံနက်(၁၀)အချိန်ခန့်တွင်မသီတာမြင့်မှအောင်နိုင်ထွေးကို သရက်ခြံသို့ လာရောက်ရန်ဖုန်းဖြင့်ဆက်သွယ်ချိန်းဆိုခဲ့ပြီးလွယ်အိတ်ထဲတွင်ဓားမြှောင်ထည့်လျှက် သရက်ခြံမှ အသင့်စောင့်ဆိုင်းနေခဲ့ရာနံနက်၁၀နာရီခွဲအချိန်ခန့်တွင်အောင်နိုင်ထူးရောက်ရှိလာရာမသီတာမြင့်မှ “သူ့ကိုအတည်တကျလက်ထပ်ပေါင်းသင်းမည်လား”ဟုမေးခဲ့စဉ် အောင်နိုင်ထွေးမှ ဝေ့လည်ကြောင် ပါတ်လုပ်ပြီးသားမယားအဖြစ်လိင်ဆက်ဆံရန်သာပြောဆိုကာ၎င်း၏အနောက်မှနေပြီးခါးကိုဖက်ကာပြောဆိုနေသဖြင့်သူမကိုအပျော်ကြံခြင်းသာဖြစ်ကြောင်းစိတ်ထဲသိရှိခံစားမိသောကြောင့်စိတ်ဆိုးဒေါသထွက်ကာအသင့်ပါလာသောဓားဖြင့်ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရပြစ်မှုကျူးလွန်သူ မသီတာမြင့်ကိုအမှုဖြင့်ဆက်လက်စစ်မေးခဲ့ရာပြစ်မှုကျုးလွန်စဉ်ကအသုံးပြုခဲ့သောအရိုး(၄)လက္မ၊အသွား(၈)လက္မ၊အရိုးအသွား(၁)ပေခန့်ရှိသစ်သားရိုးတပ်ကြက်သွန်လီးဓားကိုရထားလမ်းအနီးခြုံပုတ်ထဲတွင်လွင့်ပစ်ခဲ့ကြောင်းသရှိရသဖြင့်သွားရောက်ရှာဖွေသိမ်းဆည်းကာအခင်းဖြစ်စဉ်၎င်း၀တ်ဆင်ထားသောမ၀တ်အကျီင်္၊လက်တိုတစ်ထည်၊လက်ရှည်တစ်ထည်၊ထမီတစ်ထည်နှင့်ဘေးလွယ်အိတ်တို့အားသိမ်းဆည်းခြင်း၊အခင်းဖြစ်နေရာတွင်ကျန်နေရစ်ခဲ့သောသေဆုံးသူစီးလာသည့်ကြက်ပေါင်းဖိနပ်တစ်ဖက်၊တို့ကိုသိမ်းဆည်းကာချုပ်ရီမာန်ယူထားရာမသီတာမြင့်ကဖြောင့်ချက်ပေးလိုကြောင်းတင်ပြမှုအပေါ်တံတားဦးမြို့နယ်တရားရုံး၏ရာထွေအမှတ်(၂၂/၂၀၂၀)ဖြင့်တွဲဘက်မြို့နယ်တရားသူကြီးဒေါ်ခင်နှင်းမြတ်ကလက်ခံစစ်ဆေးခဲ့ပြီးအမှုနှင့်ပတ်သတ်၍သက်သေခံပစ္စည်းများအားဓါတုဗေဒစစ်ဆေးရေးဌာနသို့စစ်ဆေးပြန်ကြားချက်ရယူရန်နှင့်သက်သေများစစ်ဆေးရန်လုပ်ဆောင်ကာဥပဒေအကြံပြုချက်တောင်းခံပြီးတရားစွဲတင်ပို့ရန်စီစဉ်နေကြောင်းသိရသည်။
အောင်ကျော်ဦး(ပြည်မျက်လုံး)S.H